DVB Logo
Home
မြန်မာသတင်း
အရာတော် အထက၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
April 23, 2022
အရာတော် အထက၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း အရာတော်မြို့ အထကကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဧပြီ  ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက် သပြေညိုပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သပြေညို ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ ကားနဲ့ ဝင်ပစ်ခဲ့တာ။ ဘယ်ကောင်သေရဲလဲ မေးခဲ့တဲ့ ကောင်တွေ အခုအခါ ပြန်တောင်မပစ်နိုင်ဘဲ ကြောက်လန့်အော်ဟစ်နေခဲ့တယ်။ အနည်းဆုံး ၄ ဦး သေဆုံးနိုင်တယ်။ အတိကျကို ဖရဲသီတွေစီ စုံစမ်းနေတုန်း” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကို မုံရွာခရိုင်တပ်ရင်း - ၄ Chindwin Attack Force ရဲ့ တပ်ခွဲ - ၁ သပြေညို ပြောက်ကျားတပ်ဖွဲ့၊  Ayadaw   Bone Naing-PDF(A.B.N.PDF)၊ Ayardaw Falcon Force(AF2)၊ Excellent Flag တပ်ဖွဲ့ နဲ့ အရာတော်မြို့နယ် ပ-က-ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့  သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုအခြေအနေကို စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ဒီဗွီဘ်အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက် မနက်ပိုင်းကလည်း အရာတော်မြို့နယ် ရှောက်ခါးကျေးရွာက နေအိမ် ၃၀ ကျော်အား မီးရှို့ခဲ့တဲ့ အင်အား ၈၀ လောက်ရှိ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံရှာဖွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013