Home
မြန်မာသတင်း
ဒီး​မော့ဆို ကျေးရွာများတွင် စစ်ကောင်စီတပ်က မိုင်းထောင်၊ KNDF ရဲ​ဘော် ၁ ဦး ဒဏ်ရာရ
DVB
·
April 22, 2022
278762284_1186516282084226_7276101592759986677_n

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဧပြီလ ၂၂ ရက် မနက် ၇ နာရီက  နယ်မြေရှင်းလင်းရေးပြုလုပ်စဥ် ရဲဘော်တယောက် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF- B09 က ထုတ်ပြန်ပါတယ်။ 

KNDF -B09 အဖွဲ့ဝင် တစ်ဦးက“စစ်ကောင်စီတပ်က ပြုန်ဆုတ်သွားတဲ့အချိန် ထောင်ခဲ့တဲ့ မိုင်းကို နင်းမိတာပါ။ လွိုင်ကော်ဘက်မှာလည်း မိုင်းနင်းမိတဲ့လူတွေများတယ်။ တချို့ဆို မန်ကျည်းသီး သွားခူးရင်း မိုင်းမိတာတွေရှိနေပါတယ်။ ကျနော်တို့ အဖွဲ့ထဲက ရဲဘော် တချို့ဆိုရင် မိုင်းနင်းမိလို့ ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့လူနဲ့ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာကြောင့် ဆေးနားလိုက်ရသူ တွေရှိတယ်။ ရဲဘော်တွေအတွက် စိတ်မကောင်းဖြစ်ရသလို နှမျောလည်း နှမျောမိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မိုင်းနင်းမိခဲ့တဲ့ရဲဘော်ဟာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးမှာ တက်တက်ကြွကြွ အားသွန်ခွန်စိုက်ပါဝင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေနဲ့  အများပြည်သူသွားရာ လမ်းတွေမှာ မြေမြုပ် နင်းမိုင်းတွေ ထောင်ထားတာကြောင့် မိဘပြည်သူတွေ အသွားလာ သတိထားရှိကြဖို့  KNDF က သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024