DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ် ကျောက်စစ်ပုံရွာအနီးမှာ စစ်ကား ၁ စီး မိုင်းဆွဲခံရ
DVB
·
April 22, 2022
မုံရွာမြို့နယ် ကျောက်စစ်ပုံရွာအနီးမှာ စစ်ကား ၁ စီး မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံရွာထိပ်မုံရွာ-သာစည်‌ကျေးရွာသွားလမ်းမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ စစ်ကားကြီး ၁ စီး ဧပြီ ၂၂ ရက် မနက်  ၇ နာရီ က မိုင်းဆွဲ  တိုက်ခိုက်ခံရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရွာသားတစ်ဦးက “ပထမပေါက်ကွဲသံကြီးကြားလိုက်ရတယ်။ မြေကြီးကို တုန်သွားတာပဲ။ အစပိုင်းတော့ လန့်သွားတယ်။ ဘယ်ကအဖွဲ့တွေလာလုပ်သွားကြတယ်တော့မသိဘူး။ ကျနော်တို့ရွာ နှစ်ရွာကြား မှာ ခမခ အမြောက်တပ်စခန်းရှိတယ်။ ဘယ်သူမှ ဒီလို လုပ်ရဲကြမှာ မဟုတ်ဘူး။ ဘေးက လာလုပ်သွားတယ်ထင်တာပဲ”လို့ပြောပါတယ်။

အဲဒီစစ်ကားဟာ ကျောက်စစ်ပုံ အမြောက်တပ်ကိုလာတဲ့ကားဖြစ်ပြီး အခုလိုမိုင်းဆွဲခံရတာကြောင့် စစ်သား ၁၀ ယောက် ထက်မနည်းသေးဆုံးနိုင်ကာ ၆ ယောက်လောက်ပဲ အသက်ရှင်နိုင်တယ်လို့ Chindwin Attack Force က သတင်းထုတ်ပြန်ပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အခု မိုင်းဆွဲရာမှာ စစ်ကားအပြင်  စစ်ကားနောက်က နေကပ်လိုက်လာတဲ့ ပြည်သူ နှစ်ယောက် လည်း ထိမှန်တာတွေရှိခဲ့ပေမဲ့ ပြန်ထနိုင်တာကို တွေ့ရပြီး အသေးစိတ်တော့ မသိရဘူးလို့ Chindwin Attack Force အဖွဲဝင်က  ပြောပါတယ်။

စစ်ကိုင်းအတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ အနီးကပ် ခရီးသွားလာတာ မပြုကြဖို့ ဒေသခံ PDF တွေက အကြိမ်ကြိမ်အသိပေးမေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၂ ရက် ကျောက်စစ်ပုံကျေးရွာအနီးမိုင်းခွဲမှုကို  မုံရွာခရိုင်တပ်ရင်း - ၂ Chindwin Attack Force ရဲ့တပ်ခွဲ (၄)၊ Fight For People - FFP အဖွဲ့နဲ့ မဟာမိတ် Yan Gyi Aung အဖွဲ့တို့ ပူပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013