DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေကို ကျပ်ငွေနှင့် လဲလှယ်စရာမလိုသူများစာရင်း စစ်ကောင်စီဗဟိုဘဏ် ထုတ်ပြန်
DVB
·
April 21, 2022
နိုင်ငံခြားငွေကို ကျပ်ငွေနှင့် လဲလှယ်စရာမလိုသူများစာရင်း စစ်ကောင်စီဗဟိုဘဏ် ထုတ်ပြန်
Donate to DVB

နိုင်ငံခြားဝင်ငွေကို  တရက်အတွင်း ကျပ်ငွေနဲ့  လဲလှယ်ရမယ့်သူတွေထဲမှာ ကုလသမဂ္ဂဝန်ထမ်းတွေ၊ သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းဝန်ထမ်း စတာတွေ မပါဘူးလို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်တွင်းဘဏ်တွေရဲ့ စာရင်းကိုဝင်လာသမျှနိုင်ငံခြားငွေတွေကို အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၅၀ နှုန်းနဲ့ အခြေခံတွက်ချက်ပြီး အလုပ်လုပ်ရက် ၁ ရက်အတွင်း လဲလှယ်ကြဖို့နဲ့ မလဲလှယ်သူတွေ အရေးယူခံရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဧပြီ ၃ ရက်နေ့က ညွှန်ကြားခဲ့တာပါ။

အဲဒီညွှန်ကြားချက်မှာ ကင်းလွတ်ခွင့်ပေးမယ့်သူတွေရှိမယ်လို့ ဆိုထားပြီး အခု နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးကနေ ငွေလဲစရာမလိုသူတွေကို  ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကင်းလွတ်ခွင့် ရသူတွေကတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ အထူးစီးပွားရေးဇုန်တွေမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ မြန်မာနိုင်ငံနဲ့  သံတမန်ထူထောင်ထားပြီး မြန်မာနိုင်ငံမှာသံရုံးဖွင့်ထားတဲ့ ပြည်ပနိုင်ငံက သံတမန်တွေ၊ မိသားစုဝင်တွေနဲ့ အဲဒီ သံရုံးတွေမှာတာဝန်ထမ်းဆောင်နေတဲ့ သံတမန်၊ အလားတူအဆင့်ရှိတဲ့ သံအဖွဲ့ မှုထမ်းစုမှာပါဝင်တဲ့ နိုင်ငံခြားသားဝန်ထမ်းတွေပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲက ကုလသမဂ္ဂအဖွဲ့အစည်းနဲ့လက်အောက်ခံ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂဝန်ထမ်း (laissez-passer) ခရီးသွားလက်မှတ် ကိုင်ဆောင်ထားတဲ့မြန်မာနိုင်ငံသားတွေ၊ ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံမှာ လာရောက်အကူအညီပေးရေး ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးအေဂျင်စီတွေက နိုင်ငံခြားသား ဝန်ထမ်းတွေ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့လို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက သံတမန်အဆင့် နိုင်ငံခြားသားဝန်ထမ်းတွေ၊ နိုင်ငံပိုင်/ နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေလည်း ပါဝင်တာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း(AD)လိုင်စင်ရ ဘဏ်တွေအနေနဲ့ သူတို့နဲ့ ပတ်သက်ပြီး  နိုင်ငံခြားငွေနဲ့ ပတ်သက်တာကိုဆောင်ရွက်ပေးရာမှာ အဲဒီအဖွဲ့အစည်း၊ လုပ်ငန်းတွေဖြစ်တာကို စာရွက် စာတမ်းအထောက်အထားတွေယူပြီး သေသေချာချာ စစ်ဆေးကြဖို့၊ ဆောင်ရွက်ချက်တွေကို ဗဟိုဘဏ်ကို တင်ပြဖို့၊ မှတ်တမ်းထားဖို့ကိုလည်း ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013