DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံလူငယ်များ စွပ်စွဲ ဖမ်းဆီးခံနေရ
DVB
·
April 21, 2022
ငပုတောတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံလူငယ်များ စွပ်စွဲ ဖမ်းဆီးခံနေရ
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ဧပြီ ၁၉ ရက် ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံလူငယ် ၁၀ ဦးကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးပြေမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းဆိုသူ နေအိမ်မှာ ပစ်သတ်ခံရပြီးနောက်ပိုင်း လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက စွပ်စွဲဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “သူ့ဘာသာ နေအိမ်မှာ အပစ်ခံလိုက်ရတာ။ ပစ်တဲ့အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားတယ်။ ဗွီဒီယိုပါ လိုင်းပေါ်ပျံ့နေပြီ။ အဲဒါကို ဒေသခံတွေကို သတင်းပေးတွေက လိုက်ပြပြီး ဖမ်းခိုင်းနေတာ။ အားလုံးဆို ၁၀ ယောက်မကတော့ဘူး” လို့ ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာကြောင့် ရုပ်သံဖိုင်မှာပါတဲ့ လူငယ်နဲ့ အသက်ရွယ်တူတဲ့ ဒေသခံလူငယ်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ငပုတောမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့ကြောင်း ပုသိမ်မြို့နယ် ပြောက်ကျားတပ်ဖွဲ့နဲ့ ငပုတောမြို့နယ် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပေမဲ့ ဒေသခံလူငယ်တွေကို စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးနေတာပါ။

ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ မစ်ရှင်ပြီးပြီးချင်း ဘေးကင်းတဲ့နေရာကို ပြန်လည်ဆုတ်ခွာလာခဲ့သလို စိတ်ချရတဲ့နေရာကို ရောက်နေပြီလို့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013