DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ဘေးရှောင်ပြည်သူများကို ဆေးကုသပေးနေသည့် ခါနာန်ဆေးအဖွဲ့ အကူအညီလိုအပ်
DVB
·
April 21, 2022
ကရင်နီ စစ်ဘေးရှောင်ပြည်သူများကို ဆေးကုသပေးနေသည့် ခါနာန်ဆေးအဖွဲ့ အကူအညီလိုအပ်
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ခါနာန်ဆေးအဖွဲ့ (Canaan Medic) ဟာ ဧပြီ ၁၉ နဲ့ ၂၀ ရက်တွေမှာ လူနာပေါင်း ၁၀၀ လောက်ကို ကုသပေးနိုင်ခဲ့ကာ လတ်တလော လူနာများနေပြီး ဆေးလိုနေတာကြောင့် ကူညီလှူဒါန်းပေးကြဖို့ ခါနာန်ဆေးအဖွဲ့က ပြောပါတယ်။

ခါနာန်ဆေးအဖွဲ့သားတွေဟာ ဧပြီ ၂၀ ရက်က ကရင်နီ စစ်ဘေးရှောင်စခန်းတခုစီကို သွားရောက်ပြီး လူနာအယောက် ၄၀ ကျော်ကို ဆေးကုသပေးခဲ့ကြသလို ဧပြီ ၁၉ ရက်ကလည်း ကရင်နီစစ်ဘေးရှောင်ပြည်သူ အယောက် ၆၀ ကျော်ကို ဆေးကုသပေးခဲ့တာပါ။

ခါနာန်ဆေးအဖွဲ့ တာဝန်ရှိသူတဦးက “တပတ်တခေါက်၊ တခါတလေ ၂ ပတ်တခေါက် ပုံမှန်သွားပြီး ဆေးကုပေးနေဖြစ်လို့ လူနာတွေ အရင်လောက် အရမ်းမများတော့ဘူး။ အရင် စစချင်းမှာတုန်းကဆိုရင် စခန်းတခုစီတိုင်းမှာ လူနာအယောက် ၁၀၀ ကျော်ခဲ့ဖူးတာ။ ပုံမှန်သွားပြီး ဆေးကုပေးဖြစ်တော့ ရောဂါတွေလည်း တဖြည်းဖြည်းနဲ့ အထိန်းရလာပြီး နေကောင်းသက်သာလာကြတယ်” လို့ ပြောပါတယ်။

ကရင်နီ စစ်ဘေးရှောင်စခန်းတွေမှာ သွေးတိုးရောဂါရှိတဲ့ လူနာတွေ တော်တော်များပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိတဲ့ လူနာတွေ၊ ဖျားနာ တုပ်ကွေးမိတဲ့ လူနာတွေအပြင် စစ်ဘေးရှောင်ရင်း စိတ်ဖိစီးမှု များတာကြောင့် ညအိပ်မပျော်ဖြစ်နေကြတဲ့ လူနာတွေလည်း ရှိတယ်လို့ ခါနာန်ဆေးအဖွဲ့က ဆိုပါတယ်။

ခါနာန်ဆေးအဖွဲ့ဟာ ကရင်နီ စစ်ဘေးရှောင်ပြည်သူတွေကို ဆေးကုတာအပြင် လက်မောင်းထဲထည့်တဲ့ တားဆေး Implanon ထုတ်ပေးတာလည်း လုပ်ပေးတယ်လို့ ဆိုပါတယ်။

ခါနာန်ဆေးအဖွဲ့ဟာ စစ်ဘေးရှောင်စခန်းတွေဆီ တပတ်တခါ အလှည့်ကျသွားပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပြီး ဆရာဝန်တယောက်၊ ဆရာမ ၂ ယောက်၊ Midwife ၅ ယောက် ပါဝင်ပြီး ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေဆီ ဆေးကုသမှု ပေးနေကြတဲ့ Mobile Team လေးဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီ (ကယား) ပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေက နေအိမ်တွေမီးရှို့ ဖျက်ဆီးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၇၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ခါနာန်ဆေးအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013