DVB Logo
Home
မြန်မာသတင်း
ပင်လုံဒေသရှိ SSPP တပ်စခန်းဆီ စစ်ကောင်စီတပ်နှင့် RCSS တပ် စစ်ကြောင်းထိုး‌နေ
DVB
·
April 21, 2022
ပင်လုံဒေသရှိ SSPP တပ်စခန်းဆီ စစ်ကောင်စီတပ်နှင့် RCSS တပ် စစ်ကြောင်းထိုး‌နေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ စနင်းတောင်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းတွေဆီကို စစ်ကောင်စီတပ်နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ စစ်ကြောင်းတွေဟာ ဧပြီ ၁၉ ရက်က စတင်ပြီး စစ်ရေးလှုပ်ရှားလာနေတယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရင်း အမှတ် ၂၇၇/၂၇၈ က ဗိုလ်မှူးထွန်းဝင်းအောင် ဦးဆောင်တဲ့ ခန့်မှန်းအင်အား ၃၀၀ ကျော်လောက်ဟာ ပင်လုံမြို့၊ လဲချားမြို့၊ ကုံးပုံလမ်းခွဲဘက်က တကြောင်း၊ မိုင်းပွန်ဖောင်းဆိုင် လမ်းခွဲဘက်က တကြောင်းနဲ့ နောက်စစ်ကြောင်းတခုကတော့ SSPP/SSA တပ်စွဲထားတဲ့ စနင်းတောင်ဘက်ကို ဦးတည်လာနေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း RCSS တပ်က စံခေး၊ စံဖ၊ ခိဝ်ဖ တို့ ဦးဆောင်တဲ့ တပ်မအမှတ် ၆၀၆ က စနင်းတောင် အနောက်မြောက်ဘက်ခြမ်းက ဖာလိုင်း၊ ကျိုင်းခမ်းလုံဘက်မှာ စစ်ရေးလှုပ်ရှားနေပါတယ်။

စစ်အင်အား ၉၀ လောက်ရှိတဲ့ နောက်တပ်စုတစုကတော့ စနင်းတောင်ရဲ့ တောင်ဘက်ခြမ်းက နားလောင်း၊ ကုံးခေးရွာဘက်မှာ လှုပ်ရှားနေပြီး တပ်စုအမှတ် ၇၀၇ လည်း လဲချားမြို့ရဲ့ အရှေ့တောင်ဘက်ခြမ်း နမ့်မိုဒေသဘက်က SSPP/SSA တပ်စခန်းအနီးမှာ စစ်ရေးလှုပ်ရှားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပင်လုံနယ်မှာရှိတဲ့ SSPP/SSA တပ်စခန်းတွေ ရှိရာဘက်ကို ဦးတည် စစ်ကြောင်းထိုးနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ RCSS/SSA က ပြန်ကြားရေး တာဝန်ရှိသူတွေကို မေးမြန်းအတည်ပြုဖို့ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြီးအကဲတွေဟာ SSPP/SSA တပ် အကြီးအကဲတွေနဲ့ တွေ့ဆုံပြီး ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းမှာရှိတဲ့ SSPP/SSA တပ်စခန်းတချို့ကို ရုပ်သိမ်းပေးဖို့ တရားဝင် တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေကို ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းနဲ့ PDF တပ်တွေက အပြင်းအထန် တိုက်ခိုက်နေကြချိန်မှာ ရှမ်းလက်နက်ကိုင်တပ်တွေကတော့ အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013