DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီမန္တလေးခရိုင်ဒုဥက္ကဋ္ဌ၏ ဇနီးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်
DVB
·
April 21, 2022
အန်အယ်လ်ဒီပါတီမန္တလေးခရိုင်ဒုဥက္ကဋ္ဌ၏ ဇနီးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ မန္တလေးခရိုင် ဒုတိယဥက္ကဋ္ဌရဲ့ဇနီး ဖမ်းဆီးခံလိုက်ရပြီး တပတ်အတွင်း စစ်ကြောရေးမှာ အသတ်ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးခရိုင် ဒုတိယဥက္ကဋ္ဌ ဦးကိုကိုလေးဟာ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်လှစ်ခံထားရသလို တိမ်းရှောင်နေရသူလည်းဖြစ်ပြီး သူ နေထိုင်ရာနေရာကို ထုတ်မပြောတာကြောင့် ဇနီးသည် ဒေါ်စိုးစိုးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်စိုးစိုးကို ဧပြီ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲက ဖမ်းဆီးသွားတာဖြစ်ပြီး ဧပြီ ၁၈ ရက်နေ့မှာတော့ ၃၅ လမ်း၊ ဂေါ်ယာကွင်းအရှေ့က မီးသတ်ရုံးရှေ့မှာ စစ်တပ်က လာရောက်စွန့်ပစ်သွားတယ်လို့ သိရပါတယ်။

“အကြမ်းဖက်စစ်တပ်ဟာ လူစိတ်၊ အသိစိတ်ကင်းမဲ့နေပြီ။ ပြည်သူလို့ စိတ်ထဲ ရှိမနေတော့တဲ့အတွက် အပြစ်မဲ့ပြည်သူတွေဘဝ မလုံခြုံတော့ဘူး။ ပြောရရင် ခုဟာက သူတို့ အလိုရှိနေတဲ့သူပေါ့၊ ယောကျ်ားဖြစ်သူ မတွေ့ရင် မိသားစုဝင်ဖြစ်တဲ့ ဇနီးဖြစ်သူကို ဖမ်း၊ နှိပ်စက်ပြီး မေးမြန်းတယ်။  ပြည်သူလူထုရဲ့ အသက်ကို တန်ဖိုးမထားတဲ့ စစ်တပ် မကြာခင် အမြန်ကျဆုံးမှာပါလို့ပဲ ပြောချင်ပါတယ်” လို့ မိတ်ဆွေတဦးက ပြောပါတယ်။

ဦးကိုကိုလေးတို့ တမိသားစုလုံး တိမ်းရှောင်နေရတာဖြစ်တဲ့အတွက် ‌အသက် ၅၀ ကျော်အရွယ် ဒေါ်စိုးစိုးရဲ့ ရုပ်အလောင်းကို ရပ်ကွက်က သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

ဒေါ်စိုးစိုးကို စစ်ကားငါးစီးနဲ့ အရပ်ဝတ် စစ်သားတွေက တိမ်းရှောင်ရာနေရာမှာ လာရောက်ဖမ်းဆီးခဲ့ပြီး လက်ခံထားတဲ့ အိမ်ရှင်တွေကိုလည်း ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဦးကိုကိုလေးရဲ့ အစ်ကိုဖြစ်တဲ့ ဦးသိန်းဇော်ကိုပါ ဖမ်းဆီးသွားပြီး နောက်ဆက်တွဲ သတင်း  မကြားရသေးဘူးလို့ သိရပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရတဲ့ ဒေါ်စိုးစိုးဟာ အမှုဖွင့်လှစ်ခံထားရတာလည်း မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013