DVB Logo
Home
မြန်မာသတင်း
စစ်တပ်မီးရှို့သတ်ဖြတ်ခဲ့သည့် ဝက်လက်ဒေသခံ ၅ ဦးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၈၀ နီးပါးရှိလာ
DVB
·
April 21, 2022
စစ်တပ်မီးရှို့သတ်ဖြတ်ခဲ့သည့် ဝက်လက်ဒေသခံ ၅ ဦးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၈၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၇၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၃၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၂၇၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၉၉၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၇ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၀၀ ရှိပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာနန်းကျေးရွာကို ဧပြီ ၇ ရက်မနက် ၅ နာရီလောက်က အင်အား ၁၀၀ ကျော်ရှိ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ စီးနင်းဝင်ရောက်လာခဲ့ပြီး အဘွားအို ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ မီးရှို့သတ်ဖြတ်ခံရသူတွေကတော့ အသက် ၆၅ နှစ်အရွယ် ဦးဌေးလှ၊ အသက် ၃၅ နှစ်အရွယ် ကိုဇော်၊ အသက် ၈၀ အရွယ် ဒေါ်ဝင်း၊ အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်ဌေးနဲ့ အသက် ၈၄ နှစ်အရွယ် ဒေါ်အုန်းရွှေတို့ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဧပြီ ၁၉ ရက်ညပိုင်းမှာတော့ လူရွှင်တော်ကောင်းကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၈ ရပ်ကွက်က သူ့ရဲ့နေအိမ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013