DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
April 21, 2022
သရက်ချောင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲမှာ ဧပြီ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ၇ ယောက်လောက် သေဆုံးနိုင်ပြီး စစ်ကူလာတဲ့ကားလည်း မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်နှစ်ခွရွာနဲ့ ပန်းပြင်ရွာကြားက ဥတ္တူရွာက တံတားမှာ ကင်းစောင့်နေတဲ့အဖွဲ့ မနက် အစောပိုင်း ၅ နာရီလောက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်ပွဲက ၂ နာရီလောက်ကြာတယ်လို့ သိရပါတယ်။

“ဥတ္တူခါးလို့ ဒေသခံတွေက ခေါ်တဲ့ ဥတ္တူတံတားက အသံတွေကြားတာ။ မနက် ၆ နာရီလောက်မှာတော့ လမ်းပိတ်ပြီး သရက်နှစ်ခွရွာမှာ ကားတွေပိတ်နေတယ်လို့ သိရတယ်။ အရင်ကလည်း အဲဒီတံတားက စခတွေက သူတို့ဖာသာပစ်နေကြလို့ အခုလည်း အဲလိုဖြစ်မယ်လို့ ထင်တာ။ နောက်မှ ပစ်ခံရတယ်ဆိုတာသိတယ်။ အဲဒီမှာ စခအင်အား ၁၀ ယောက်လောက်ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒေသခံတချို့ကတော့ စစ်တပ်ဘက်က အနည်းဆုံး ၇ ယောက်သေပြီး အလောင်းတွေကို တံတားမှာပဲ စုပုံထားတယ်လို့ ပြောပါတယ်။

အဲဒီကို အင်အားဖြည့်ဖို့ စစ်ကူလာတဲ့ကားဟာလည်း လမ်းမှာ မိုင်းခွဲခံခဲ့ရပြီး မှောက်သွားပေမဲ့ သေဆုံးတယ်လို့တော့ မသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

“မနက် ၁၀ နာရီလောက်မှာ ထားဝယ်ကနေ ဒိုင်နာနဲ့ အင်အား ၃၀ လောက်လာပြီး အလောင်းတွေလာကောက်သွားတယ်။ တချို့ကတော့ ကင်းပုန်းအနေနဲ့ ကျန်ခဲ့တယ်လို့ ကြားပါတယ်။ အနီးအနားက ရွာတွေမှာပါ။ အင်အားများတယ်လို့လည်း သိရတယ်။ ဥတ္တူရွာသားတွေကတော့ တောထဲကို ပြေးနေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒဏ်ရာရတဲ့ စစ်သားတွေကို လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကို ပို့ဆောင်ထားပြီး ဒီတိုက်ခိုက်တာကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ဧပြီ ၁၉ ရက်ညပိုင်းကလည်း သရက်ချောင်းမြို့နယ် စော်ဖျားရွာ ဘုရားကုန်းမှာ တပ်စွဲထားတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013