
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အီဘိုလာရောဂါ အခြေအနေ ဟာ အရမ်းစိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
WHO အကြီးအကဲ ဂေဘရီယီဆက်က “နိုင်ငံတွင်း အီဘိုလာကူးစက်နိုင်မှုနှုန်း အရမ်းမြင့်တယ်လို့ ကျနော်တို့ ပြင်ဆင်သတ်မှတ်ထားပါ တယ်။ ဒေသတွင်းနိုင်ငံတွေကို ကူးစက်မှုနှုန်းမြင့်တဲ့ အနေအထားပါ။ ကမ္ဘာ့အဆင့်ကူးစက်မှုကတော့ ကူးစက်မှုနှုန်းနိမ့်တယ်လို့ သတ်မှတ်ထား ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရက်ပြန့်နှံမှုက စိုးရိမ်စရာဖြစ်ပြီး သေဆုံးသူ ၇ ယောက်အပါအဝင် လူ ၈၂ ယောက် ကူးစက်ခံထားရတယ်လို့ အတည်ပြုထားပါတယ်။
ဒါ့အပြင် လူပေါင်း ၇၅၀ ရောဂါကူးစက်ခံရတယ်လို့ သံသယရှိပြီး လူ ၁၇၇ ယောက်မှာ ရောဂါ သံသယနဲ့ သေဆုံးတယ်လို့လည်း ခန့်မှန်းရပါတယ်။
ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ အီဘိုလာရောဂါ စတင်ဖြစ်ပွားနေတယ်ဆိုတဲ့အကြောင်း WHO က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အဆင့် ကူးစက်နိုင်ခြေနည်းပါးတယ်လို့ ဆိုခဲ့ပါတယ်။
ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်ဟာ အီဘိုလာရောဂါရဲ့ မျိုးကွဲဗိုင်းရပ်စ်ဖြစ်ပြီး ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးဘူးလို့ WHO က ပြောပါတယ်။
Source:Reuters










