DVB Logo
Home
မြန်မာသတင်း
နမ့်စန်တွင် စစ်ကောင်စီကင်းတပ်စခန်းအတွက် ရွာသား ၁၀၀ ကျော် အဓမ္မခိုင်းစေခံရ
DVB
·
April 20, 2022
နမ့်စန်တွင် စစ်ကောင်စီကင်းတပ်စခန်းအတွက် ရွာသား ၁၀၀ ကျော် အဓမ္မခိုင်းစေခံရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ နောင်ဟီးကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီက ကင်းတပ်စခန်းသစ်တခု တည်ဆောက်ဖို့ ရွာသားပေါင်း ၁၀၀ ကျော် အတင်းအဓမ္မ အလုပ် ခိုင်းစေခံခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) အဖွဲ့က ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကောင်စီရဲ့ ခလရ ၅၅၃ လက်အောက်ခံ တပ်သား ၃၅ ယောက်ဟာ နောင်ဟီးကျေးရွာအုပ်စု၊ နမ့်မိုရွာဘုန်းတော်ကြီးကျောင်းမှာ စခန်းချခဲ့ကြောင်း၊ အဲဒီညမှာပဲ ရွာသူကြီးကိုခေါ်ယူပြီး ရွာသားတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေ စစ်ဆေးကာ တအိမ်ထောင် ၁ ဦးကျ သူတို့တပ်စခန်းကို ၃ ရက်အတွင်း ပြီးအောင်ဆောက်ပေးဖို့ ခိုင်းစေခဲ့တာလို့ဆိုပါတယ်။

ဒါကြောင့် နမ့်မိုရွာသားစုစုပေါင်း ၁၀၆ ဦးကနေ ကတုတ်ကျင်းတူးတာ၊ သစ်ဝါးခုတ်တာ၊ ခြံစည်းရိုးကာတာတွေကို လုပ်ပေးခဲ့ရကြောင်း၊ အဲဒီနေရာကလည်း သူတို့ရွာနဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ကုန်းတီးရွာမြောက်ဘက်မှာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေရာဟာ ဒေသခံ လုံးဆာပိုင်တဲ့ ယာမြေပေါ်မှာဖြစ်ပြီး ပိုင်ရှင်ကို ကြိုတင်အသိပေး ခွင့်တောင်းခြင်းလည်းမရှိ၊ လျော်ကြေးတစုံတရာ ပေးတာလည်း မရှိဘူးလို့ ဆိုပါတယ်။

ကင်းတပ်စခန်းသစ်ဟာ ငွေရည်ပုလဲကုမ္ပဏီရဲ့ ကျောက်မီးသွေးတွင်းနဲ့ ၁ မိုင်လောက်သာ ကွာဝေးတာမို့ အဆိုပါစီမံကိန်းရဲ့ လုံခြုံရေးအတွက်ပါ တည်ဆောက်လိုက်တာလို့ ဒေသခံတွေ ခန့်မှန်းပါတယ်။

ကျောက်မီးသွေးတွင်း ဧရိယာဟာ ရွာသားတွေရဲ့ တောင်ယာစားကျက်မြေပေါ်မှာရှိပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတို့ရဲ့ ကျန်းရေး လူနေမှုဘဝကို ထိခိုက်ပျက်စီးစေလို့ ရွာသားတွေက စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေသလို ဒေသထဲမှာ စစ်ကောင်စီတပ်စခန်း လာဆောက်ထားတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာမှာကိုလည်း ရွာသားတွေ စိုးရိမ်ပူပန်နေတာလို့ SHRF ကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013