DVB Logo
Home
မြန်မာသတင်း
ထီးလင်း ကျင်းရွာရဲစခန်းကို ပြန်သိမ်းရန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
April 20, 2022
ထီးလင်း ကျင်းရွာရဲစခန်းကို ပြန်သိမ်းရန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာမှာ ဧပြီ ၁၇ ရက်က ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ကျင်းရဲစခန်းကို ပြန်လည်ရယူဖို့ လာရောက်တဲ့ စစ်ကောင်စီတပ် မိုင်းခွဲခံရတာကြောင့် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဧပြီ ၂၀ ရက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ဟာ ဧပြီ ၁၈ ရက် ၁၁ နာရီကျော်က ထီးလင်း PDF လက်နက်ထုတ်လုပ်ရေးစခန်းကို သေနတ်ပစ်ဖောက်ဝင်ကာ ဆိုင်ကယ် ၅ စီးနဲ့ စခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ကျင်းကျေးရွာတွင်း ဝင်ရောက်ခဲ့တာပါ။

စစ်ကောင်စီတပ် ကျင်းရဲစခန်းအတွင်း ဝင်ရောက်ချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က စခန်းအတွင်း ကားမိုင်း ပဒေသာမိုင်း ၇၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ထီးလင်း PDF ကနေ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် လက်နက်ကြီးတွေပါ ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ထီးလင်း PDF သတင်းပြန်ကြားရေး တာဝန်ခံက "သတင်းမီဒီယာတွေအနေနဲ့ ကျင်းရဲစခန်း သိမ်းတာနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းတွေ ထုတ်လွှင့်နေတာကြောင့် မြေပြင်မှာ တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုယ်စား ဝမ်းနည်းကြေကွဲမိပါတယ်။ တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်လျက်ရှိပါတယ်။ တပ်ဖွဲ့ဝင်တွေအနေနဲ့ ထမင်းငတ် ရေငတ်နဲ့ မိုးတွေသည်းထန်စွာ ရွာနေပေမဲ့ လုံးဝနောက်မဆုတ်ဘဲ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဆက်လက်ကာကွယ်နေတာ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ လုံးဝမနားရသေးဘဲ ရှေ့တန်းစစ်မြေပြင်မှာ ဆက်လက် တိုက်ပွဲဝင်နေရပါတယ်။ စခန်းသိမ်းတိုက်ပွဲ သတင်းတွေကို နောက်မှထုတ်ပြန်ရတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထောက်ရှုတဲ့အနေနဲ့ နောက်ကျမှ တင်တာဖြစ်တယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ထီးလင်းမြို့နယ် ကျင်းကျေးရွာ နယ်မြေခံရဲစခန်းကို People's Defence Force-Htilin (P.D.F-Htilin) တပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျင်းနယ်မြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီတိုက်ပွဲ စတင်ဖြစ်ပွားပြီး ၁ နာရီအတွင်း ကျင်းကျေးရွာ နယ်မြေခံရဲစခန်းတခုလုံး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ကျင်းနယ်မြေရဲစခန်းမှူး ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်နဲ့ ကျင်းကျေးရွာအတွင်း ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ၃ လုံး ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက် အကျအဆုံးမရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီက အင်အား ၂၀၀ ကျော်နဲ့ ကျင်းနယ်မြေရဲစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လတ်တလော အဆိုပါဒေသအတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013