DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားခေါင်းဆောင်၏ အသက်အန္တရာယ် ဗကသ စိုးရိမ်
DVB
·
April 20, 2022
ဖမ်းဆီးခံ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားခေါင်းဆောင်၏ အသက်အန္တရာယ် ဗကသ စိုးရိမ်
Donate to DVB

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးန္ဒာစိုး ဖမ်းဆီးခံထားရတာ ၇ လပြည့်တဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘဲ အသက်အန္တရာယ် စိုးရိမ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မအေးနန္ဒာစိုးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်က မန္တလေးကနေ တန့်ဆည် - ရေဦးဘက်က နေအိမ်အပြန် ကားပေါ်မှ  စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဖမ်းဆီးထားတာဖြစ်ပြီး ဒီကနေ့ ဧပြီ ၂၀ ရက်မှာ ၇ လ ပြည့်သွားပြီ ဖြစ်ပါတယ်။

ကနဦးအနေနဲ့ မအေးနန္ဒာစိုးကို တပ်မ ၃၃ ကနေ နန်းတွင်းစစ်ကြောရေးမှာ အတော်ကြာ စစ်ဆေးခဲ့ပြီး ဒဏ်ရာတွေရာရှိခဲ့ကာ လုံလောက်တဲ့ ဆေးကုသမှု မရရှိဘူးလို့ စစ်ကြောရေးကနေ ထောင်ကိုရောက်လာတဲ့သူတွေကတဆင့် သိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း နောက်ပိုင်းကာလမှာတော့ မအေးန္ဒာစိုး ရောက်ရှိနေတဲ့ နေရာနဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားပြီး အသက်ရှင်လျက်ရှိမရှိ မသိရတာကြောင့် မအေးန္ဒာစိုးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရကာ စုံစမ်းမှုတွေလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။

မအေးနန္ဒာစိုးဟာ အဖိနှိပ်ခံ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျောင်းသူ တဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013