DVB Logo
Home
မြန်မာသတင်း
နွေဦးတက္ကသိုလ်က CDM များအတွက်ကျပ် ၇၇ သိန်းကျော်အပါအဝင် ၁၆၅ သိန်းကျော် လှူဒါန်း
DVB
·
April 20, 2022
နွေဦးတက္ကသိုလ်က CDM များအတွက်ကျပ် ၇၇ သိန်းကျော်အပါအဝင် ၁၆၅ သိန်းကျော် လှူဒါန်း
Donate to DVB

နွေဦးတက္ကသိုလ်က ပြီးခဲ့တဲ့ မတ်လမှာ ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ ၁ လအတွင်း ကျပ် ၁၆၅ သိန်းကျော် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က  ကြေညာထားပါတယ်။

အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေကိုတော့ SUMCares ကတဆင့် CDM သူရဲကောင်းတွေကို ၇၇ သိန်းကျော်အပါအဝင် CDM စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျပ် ၃၉ သိန်းကျော်၊ Community Development အစီအစဉ်ကတဆင့် ကျပ် ၁၈ သိန်းကျော်ကို ကျောင်းသူ၊ကျောင်းသားတွေအတွက် School of Federalism and Peace Studies မှ Debate Training အထောက်အပံ့ပေးခဲ့ပြီး ကျပ်သိန်း ၃၀ တိတိကိုတော့ STEM TOT Batch 7 က ဆရာ၊ဆရာမအယောက် ၁၀၀ အတွက် သိပ္ပံ Hub နဲ့ပူးပေါင်းကာ ပညာဒါန TOT Training တွေအဖြစ် အသီးသီးချီးမြှင့်လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးရပ်တန့်မသွားဖို့၊ CDM သူရဲကောင်း တွေကို ပိုမိုလှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂ တော်လှန်နှစ်သစ်မှာလည်း နွေဦးတက္ကသိုလ်အနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပေးအပ်ထားတဲ့ ကတိစကားအတိုင်း ပညာရေးဆက်လက်ရှင်သန်နိုင်ဖို့၊ CDM သူရဲကောင်းတွေကို ချီးမြှင့်လှူဒါန်းသွားနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013