DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်ခဲ့သည့် ပင်လည်ဘူးဒေသခံ ၉ ဦးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၇၃ ဦးရှိ လာ
DVB
·
April 20, 2022
စစ်တပ်ပစ်သတ်ခဲ့သည့် ပင်လည်ဘူးဒေသခံ ၉ ဦးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၇၃ ဦးရှိ လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၇၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၃၀၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၂၅၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၉၉၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၀၀ ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မနက် ၈ နာရီခွဲဝန်းကျင်လောက်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာထဲကို စစ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းခဲ့ကြပြီး အဆိုပါ စီးနင်းမှုအတွင်း အသက် ၆၇ နှစ်အရွယ် ဦးဆန်းဝင်းကို လက်ပြန်ကြိုးတုပ်ကာ သုသာန်အထိ ခေါ်ဆောင်ခဲ့ပြီး နဖူးကိုတေ့ကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ပေါ်မှာ မတ် ၂၉ ရက်ကနေ ဧပြီ ၁၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုတပ်က ပင်လည်ဘူးမြို့ခံ ၉ ယောက်ကို မြို့ပေါ်တင် ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ၊ PDF တွေကို ထောက်ပံ့တယ်လို့ သံသယရှိနေသူတွေကို ပစ်သတ်တာဖြစ်ပြီး ပစ်သတ်ခံရသူတွေကတော့ ဦးပေါ်ဝင်းအောင်၊ ဦးပေါ်ဝမ်း၊ ဦးဝင်းအောင်တို့ အပါအဝင် ၉ ယောက်ဖြစ်ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013