DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဓာတ်ဆီဆိုင်အချို့ပိတ်၊ ဖွင့်ထားသည့်ဆိုင်များ၌ ညအချိန်အထိ တန်းစီဝယ်ယူနေ
DVB
·
April 19, 2022
မြစ်ကြီးနားတွင် ဓာတ်ဆီဆိုင်အချို့ပိတ်၊ ဖွင့်ထားသည့်ဆိုင်များ၌ ညအချိန်အထိ တန်းစီဝယ်ယူနေ
1 / 12
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧပြီ ၁၉ ရက် ဒီနေ့လယ်ပိုင်းကစပြီး စက်သုံးဆီဝယ်ယူသူတွေ များပြားလာတဲ့အတွက်  ဆိုင်တချို့ပိတ်ထားရပြီး ဖွင့်တဲ့ဆိုင်တွေမှာတော့ ဒေသခံပြည်သူတွေဟာ  ညအချိန်အထိ စက်သုံးဆီရရှိဖို့အတွက် တန်းစီပြီး စောင့်ဆိုင်း ဝယ်ယူနေကြရပါတယ်။

စက်သုံးဆီ ပြတ်လပ်နေတယ်လို့ သတင်းတွေထွက်လာပြီးနောက် မြစ်ကြီးနားမြို့မှာ စက်သုံးဆီဝယ်ယူ စုဆောင်းသူတွေများလာတာလို့ ဒေသခံတွေထံက သိရပါတယ်။

မြစ်ကြီးနားမြို့ခံတဦးက "ဓာတ်ဆီပြတ်လပ်နေတဲ့သတင်းတက်လာအပြီးမှ ခုလိုတန်းစီစနစ်နဲ့ ရောင်းချတာ။ မနက် ၁၀ နာရီလောက်အထိ ပုံမှန်အတိုင်းပဲ ဆီထည့်ကြတယ်။ ညနေပိုင်းကြတော့ ဖွင့်ထားတဲ့ဆီဆိုင်မှန်သမျှ တန်းစီစနစ်ဖြစ်သွားတယ်။ လမ်းဘေးဆိုင်လေးတွေမှာတောင် ကျိတ်ကျိတ်တိုးရောင်းနေရတယ်" လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ကို  စက်သုံးဆီ အဝင်မရှိတော့တဲ့အတွက်  ဆိုင်မှာလက်ကျန်ရှိသလောက် ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြစ်ကြီးနား ဆီဆိုင်တာဝန်ခံတဦးကလည်း ပြောပါတယ်။

"ကျနော်တို့ဆိုင်ကိုတော့ ဆီအဝင်မရှိတော့ဘူး။ လက်ကျန်ရှိသလောက် ရောင်းပေးမယ်။ ကုန်သွားတော့လည်း ဆိုင်ပိတ်ထားရတော့မှာပဲ။”

မြစ်ကြီးနားမြို့က ဆီဆိုင်တွေမှာ မနေ့က 92 ဓာတ်ဆီတစ်လီတာ ၂၁၅၀ ကျပ်နဲ့ ရောင်းချခဲ့ပြီး  ဒီနေ့ ညနေပိုင်းမှာတော့ ၂၄၅၀ ကျပ်နဲ့ ဈေးနှုန်မြှင့်တင် ရောင်းချပေးနေတာပါ။

ရန်ကုန် မန္တလေး စတဲ့မြို့ကြီးတွေမှာလည်း ဓာတ်ဆီကို ခွဲတမ်းနဲ့ ရောင်းမယ်ဆိုတဲ့ သတင်းကြောင့် ပြည်သူတွေ ဆီဆိုင်တွေမှာ တန်းစီအချိန်ကြာမြင့်စွာစောင့်ပြီး ဝယ်ယူနေကြရပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက တော့ သီလဝါ ဆီသိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီ လက်ကျန်လျော့နည်းနေပြီဆိုတဲ့ သတင်းတွေက ကောလာဟလ သတင်းအမှားတွေသာဖြစ်ပြီး ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှု လုံးဝ မဖြစ်ပေါ်နိုင်ဘူးလို့ ဧပြီ ၁၉ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013