DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ လောင်စာဆီ အကန့်အသတ်ဖြင့်ရောင်းချရန် စစ်ကောင်စီညွှန်ကြား
DVB
·
April 19, 2022
ရခိုင်ပြည်နယ်၌ လောင်စာဆီ အကန့်အသတ်ဖြင့်ရောင်းချရန် စစ်ကောင်စီညွှန်ကြား
Donate to DVB

ရခိုင်ပြည်နယ်မှာ လောင်စာဆီတွေကို ဧပြီ ၁၉ ရက်‌ကစတင်ပြီး အကန့်အသတ်နဲ့သာ ရောင်းချဖို့  ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားတယ်လို့လည်း ဆီလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

လိုင်စင်ရ စက်သုံးဆီဆိုင်တွေကို တနေ့  ဆိုင်ကယ်တစ်စီးလျှင်  ဆီကျပ် ၅၀၀၀ ဖိုးနဲ့ မော်တော်ကား ငယ်တစ်စီးလျှင် ကျပ် ၂၀၀၀၀ ဖိုးထက် ပိုမရောင်းချဖို့ ပြည်နယ်စစ်ကောင်စီက ညွှန်ကြားလိုက်တာ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ လောင်စာဆီဈေးနှုန်း  အောက်တိန်း(92) တစ်လီတာ ၂၂၅၀ ကျပ်၊ ဓာတ်ဆီတစ်လီတာ ၂၀၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၃၈၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၀၀ ကျပ်နှုန်းနဲ့ ရောင်းနေကြကြောင်း လောင်စာဆီ အရောင်းဆိုင်တွေကနေ စုံစမ်းသိရပါတယ်။

ရခိုင်ပြည်နယ်မှာ စက်သုံးဆီဈေးနှုန်းတွေ ရုတ်တရက်မြင့်တက်လာပြီး အကန့်အသတ်နဲ့သာ ရောင်းချမယ့်ဆိုတဲ့ သတင်းကြောင့် ကားသမားတွေ၊ သုံးဘီးသမားတွေနဲ့ စက်လှေသမားတွေ စိုးရိမ်နေကြပါတယ်။

စစ်တွေမြို့မှ ကုန်ကားမောင်းသမားတစ်ဦးက “ကိုယ်လိုသလောက် ဝယ်မရဘူးဆိုရင် ကားမောင်းစားစရာလည်း မလိုတော့ဘူးလေ။ တနေ့ ကားတစ်စီးကို ဆီ ၂၀၀၀၀ ကျပ်ဖိုးထက် မရောင်းရဆိုတော့။ ခရီးဝေးတွေကိုကျနောတို့  ဘယ်လိုသွားရတောမလဲ။ စျေးမြင့်တာတော့မြင့်တာပေါ့  ဒါကသက်သက်ကို အကျပ်ကိုင်တဲ့သဘောဖြစ်နေတယ်။"လို့ ပြောပါတယ်။

အခုလို လောင်စာဆီဈေးကွက် မတည်မငြိမ်ဖြစ်နေတဲ့  အခြေအနေကြောင့် တက်နေတဲ့ ကုန်စျေးနှုန်းတွေ အဆမတန်ပိုမိုစျေးမြင့်တက်လာမှာကို  ရခိုင်ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက တော့ သီလဝါ ဆီသိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီ လက်ကျန်လျော့နည်းနေပြီဆိုတဲ့ သတင်းတွေက ကောလာဟလ သတင်းအမှားတွေသာဖြစ်ပြီး ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှု လုံးဝ မဖြစ်ပေါ်နိုင်ဘူးလို့ ဧပြီ ၁၉ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013