DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ဓာတ်ဆီဈေးထိုးတက်သွားပြီး အလုအယက်၀ယ်ယူနေ
DVB
·
April 19, 2022
ပြည်မြို့တွင် ဓာတ်ဆီဈေးထိုးတက်သွားပြီး အလုအယက်၀ယ်ယူနေ
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဧပြီ ၁၉ ရက် ဒီနေ့ လောင်စာဆီဈေးတွေ ထိုးတက်သွားပြီး ဓာတ်ဆီဆိုင်ကြီးတချို့ ပိတ်ထားကာ ဆိုင်တချို့က မနက်ခင်းလေးပဲ ရောင်းချပြီး ဆိုင်ပိတ်လိုက်ကြတာကြောင့်  ရပ်ကွက်ထဲက ဆိုင်လေးတွေအထိ  ဝယ်ယူသူတွေနဲ့ ပြည့်နေပါတယ်။

ဒေသခံ တယောက်က “မနေ့ကနဲ့ တနေ့ကအထိတော့ တလီတာကို ၁၉၀၀ နဲ့ ၁၉၀၀ ကျော်ကျော်လောက်ပဲရှိသေးတာ။ အခုဒီနေ့မှ ဘယ်လိုတွေဖြစ်ပြီးတက်သွားတာလဲမသိဘူး၊ မြို့ထဲက ဆီဆိုင်ကြီးတွေအားလုံးနီးနီးက ပိတ်ပစ်လိုက်တယ်။ ငွေငန်းဖြူလဲ မနက်ပိုင်း ရောင်းသေးတယ်။ နေ့လယ်ပိုင်းမှပိတ်တာ၊ ဦးသိမ်းမြင့်ဆိုင်လည်း မနက်က တန်းစီနေကြတာ အတန်းအရှည်ကြီးပဲ၊ PT Power ကတော့မနက်ပိုင်းမှာဖွင့်တယ်။ ဒါပေမဲ့ တန်းစီစနစ်နဲ့ ဝယ်ရတာ လူတွေအရမ်းများလို့၊  92 က တလီတာကို ၂၅၀၀ ကျပ်တဲ့၊ ဆင်ဆုရပ်ကွက်က စစ်တပ်ပိုင် မြ၀တီ ဆီဆိုင်ကတော့ စက်ပြင်နေတယ်ဆိုပြီး ဒီနေ့မှ ဆိုင်ဘုတ်ချိတ်ထားတယ်” လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းပြည်မြို့က ဓာတ်ဆီဆိုင်ကြီးတွေမှာ  92 က ၂၂၅၀ ၊ 95က ၂၃၅၀ ကျပ်နဲ့ ရောင်းချနေပေမဲ့ အပြင်ဆိုင်တွေမှာတော့  ကျပ်  ၃၀၀၀ နဲ့ ၃၀၀၀ ကျော်ပေးကာ အလုအယက်ဝယ်နေကြကာ တခါ၀ယ်ရင် ၁ နာရီကျော် ၂ နာရီ နီးပါးလောက်တန်းစီရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မနက်ကတည်းက New Day မှာ သွားတန်းစီတာ အတန်းကြီးက အရှည်ကြီးပဲ၊ ကိုယ့်အလှည့် ရောက်ခါနီးကျမှ 92 မရတော့ဘူးတဲ့ 95 ပဲရှိတယ်။ အဲဒါလည်း အခုကုန်တော့မယ်ဆိုလို့ ရတယ်၊ ၀ယ်ပြန်ခဲ့ရတယ်။ ကားတစီးကို ကျပ် ၂၀၀၀၀ ဖိုးပဲ ရတယ်”လို့  မူယာပင်ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

ဧပြီ ၁၈ ရက်က ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းမှာ စက်သုံးဆီတွေ ပြတ်လပ်နေကြောင်းနဲ့ ဆီဘောက်ဆာကားတွေ တန်းစီနေရကြောင်း အွန်လိုင်းစာမျက်နှာ၊ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီး အခု ၁၉ ရက်နေ့မှာတော့ ဆီတွေကိုခွဲတမ်းနဲ့သာရောင်းချမယ်လို့ သတင်းထွက်ပေါ်လာတာပါ။

ဒီသတင်းထွက်လာပြီး ရန်ကုန်နဲ့ မန္တလေးအပါအဝင် နယ်မြို့တွေမှာပါ အခုလို ရိုက်ခတ်လာတာဖြစ်ပြီး ဆီဆိုင်တွေကလည်း ရှိနေပြီးသားကို ထိန်းထိန်း သိမ်းသိမ်းနဲ့ ရောင်းချနေရတာဖြစ်လိမ့်မယ်လို့  MOGE  က ၀န်ထမ်းအငြိမ်းစားတယောက်က ပြောပါတယ်။

ပြည်မြို့မှာ မြ၀တီ၊ PT Power၊ ဦးသိန်းမြင့်၊ ငွေငန်းဖြူ၊ New Day ၊ နီလာရိုးမ ၊ Danko စတဲ့ ဆိုင်ကြီးတွေရှိပြီး ရပ်ကွက်အတွင်းမှာ မီးသတ်တပ်ဖွဲ့ကိုလိုင်းကြေးပေးပြီးရောင်းချနေတဲ့ ဆိုင်ငယ်လေးတွေများစွာရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013