DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဖမ်းသွားသည့် လက်ယက်မရွာသား ၅ ဦးနှင့် ၃ လကျော်အထိ အဆက်သွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
DVB
·
April 19, 2022
စစ်တပ်ဖမ်းသွားသည့် လက်ယက်မရွာသား ၅ ဦးနှင့် ၃ လကျော်အထိ အဆက်သွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ် လက်ယက်မစံပြကျေးရွာက ဖမ်းဆီးခံပြည်သူ ၅ ယောက်ကို ၃ လကျော်ကြာတဲ့အထိ အဆက်သွယ်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်ပူပန်နေကြပါတယ်။

လက်ယက်မကျေးရွာက ကိုကျော်မင်းအောင်၊ ကိုကျော်ဝင်း၊ ကိုသိန်းလွင်၊ ကိုဖိုးကိုနဲ့ ကိုဖိုးဆင့်တို့ကို PDF နဲ့ ဆက်စပ်တယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇန်နဝါလ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားတာလို့ မိသားစုဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ စားရေးသောက်ရေး အခက်ခဲ ဖြစ်မှာစိုးလို့ ရဲစခန်းတွေကို လိုက်စုံစမ်းတော့လည်း သူတို့ဆီမှာမရှိဘူးလို့ ပြောတယ်။ ရှေ့နေတွေကို အကူညီတောင်းပြီးတော့လည်း စုံးစမ်းတယ်။ ဘာသတင်းမှ အစနမရဘူး။ အမှုဖွင့်တယ်ဆိုရင်လည်း ရဲစခန်းတခုခုမှာ အမှုစာရင်းတော့ ရှိရမှာ။ ခုဟာက သက်ရှိထင်ရှားရှိသေးလား၊ သတ်လိုက်ပြီလား မသိရဘူး။ မိသားစုဝင်တွေ အရမ်း စိုးရိမ်နေရတယ်။”

သက်ရှိထင်ရှားရှိနေသေးပါက သူတို့ဘယ်မှာရှိတယ်ဆိုတာ သိလိုကြောင်း၊ သတင်းအစန ကြားတဲ့ နေရာကို လိုက်စုံစမ်းရာမှာလည်း ဘယ်လိုမှ အဆက်သွယ်မရဘူး ဖြစ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်ယက်မကျေးရွာကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၃၀၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ပြည်သူ ၃ ယောက်ကိုပါ မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

ဒီနောက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်သူတွေထဲက အမျိုးသား ၇၀ လောက်ကို နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး ပြည်သူ ၅ ယောက်ကို PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013