DVB Logo
Home
မြန်မာသတင်း
NUG အစိုးရသက်တမ်း တနှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ် ၁ ဒသမ ၇၃ ဘီလီယံ ထောက်ပံ့
DVB
·
April 19, 2022
NUG အစိုးရသက်တမ်း တနှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ် ၁ ဒသမ ၇၃ ဘီလီယံ ထောက်ပံ့
Donate to DVB

အစိုးရသက်တမ်း တနှစ်တာအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီကျပ် ၁ ဒသမ ၇၃ ဘီလီယံ ထောက်ပံ့နိုင်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ထောက်ပံ့ကူညီမှုတွေထဲမှာတော့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေနဲ့ စစ်ဘေးရှောင်တွေအတွက်  ကျပ်  ၁၃၃၄ ဒသမ ၂၀ သန်း၊ ပြည်သူ တွေအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု ကျပ် ၈၀၃ ဒသမ ၉၀ သန်း၊ CDM ပြည်သူ့ဝန်ထမ်းတွေအတွက် ကျပ် ၂၂၈ ဒသမ ၉၉ သန်း၊ ထိခိုက်ကျဆုံးပြည်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ကျပ် ၁၁၃ ဒသမ ၇၂ သန်း၊ ထိခိုက်လွယ် ပြည်သူတွေနဲ့ သူတို့ရဲ့ မိသားစု တွေအတွက် ကျပ် ၈၂ ဒသမ ၃၉ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ကျပ် ၄၄ ဒသမ ၂၅ သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် ကျပ် ၁၀ ဒသမ ၆၂ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူညီ ၁၁၃ ဒသမ ၄၉ သန်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသအလိုက် ထောက်ပံ့ကူညီမှုတွေအနေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်အတွက် ကျပ် ၆၁၅ ဒသမ ၈၀ သန်း၊ စစ်ကိုင်းတိုင်းအတွက် ကျပ် ၄၁၁ ဒသမ ၉၈ သန်း၊ ကရင်နီပြည်နယ်အတွက် ကျပ် ၂၈၁ ဒသမ ၂၅ သန်း၊ ချင်းပြည်နယ်အတွက် ကျပ် ၂၂၀ ဒသမ ၆၁ သန်းစီနဲ့ အများဆုံး ထောက်ပံ့ကူညီပေးခဲ့ပြီး တခြားဒေသတွေအသီးသီးအတွက်လည်း ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေကို NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနဲ့ လက်တွဲချိတ်ဆက်ကာ အတတ်နိုင်ဆုံး ကြိုးစားပံ့ပိုးကူညီပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီထောက်ပံ့မှုတွေကို စစ်တပ်ရဲ့ အတားအဆီးအမျိုးမျိုးကြားကနေ ဘေးဒုက္ခ ခံစားနေကြရတဲ့ ပြည်သူတွေလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေ၊ စေတနာ့ဝန်ထမ်းပြည်သူတွေနဲ့ ထောက်ပံ့မှု ရန်ပုံငွေအတွက် လှူဒါန်းပေးနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ စစ်တပ်က မတရားအာဏာသိမ်းမှုအပြင် မတရားဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတို့ကြောင့် နေ့စဉ်နဲ့အမျှ စစ်ဘေးရှောင်အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက် တိုးလာနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်း နေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၀၄,၆၀၀ ရှိပြီး၊ ဒီအထဲကမှ လူဦးရေ ၅၅၈,၀၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လနောက်ပိုင်း ဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားပါတယ်။

ပဋိပက္ခဒဏ်သင့်ရာဒေသတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေရှိရာ နေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ကန့်သတ်ခံထားရတဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေက တတ်နိုင်သမျှ ကူညီပံ့ပိုးပေးနေပေမယ့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြီးမားတဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013