DVB Logo
Home
မြန်မာသတင်း
PDF များအတွက် စက်ရုံထုတ်လက်နက်များရှာဖွေထားပြီဟု NUG ကာကွယ်ရေးဝန်ကြီးပြော
DVB
·
April 18, 2022
PDF များအတွက် စက်ရုံထုတ်လက်နက်များရှာဖွေထားပြီဟု NUG ကာကွယ်ရေးဝန်ကြီးပြော
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေအတွက် စက်ရုံထုတ်လက်နက် အနည်းဆုံး လိုအပ်ချက်ကို ရှာဖွေရရှိထားပြီလို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ဧပြီ ၁၈ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးကို တင်သွင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတာ တနှစ်ပြည့် အစီရင်ခံစာမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ ဒီနေ့အထိ အမေရိကန်ဒေါ်လာ ၃၄ သန်းတိတိ ရရှိသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန သုံးစွဲခွင့်ရတဲ့ ငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်နိုင်ရေးအတွက် သုံးစွဲခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဝန်ကြီး ဦးရည်မွန်က “လက်နက်ပစ္စည်းအစစ်အနေနဲ့ ခုချိန်မှာ  PDF များအတွက် အနည်းဆုံး လိုအပ်ချက်တခုကိုတော့ ကျနော်တို့ ရှာဖွေရရှိထားပြီဆိုတာကိုလည်း အသိပေးတင်ပြလိုပါတယ်။ ကိုယ်တိုင်ထုတ်လက်နက်များနဲ့ ပတ်သက်ပြီးတော့လည်း နည်းပညာအရကော ထုတ်လုပ်နိုင်စွမ်းအရပါ ပိုပြီးတော့ အရှိန်ရ တိုးတက်နေပြီဆိုတာကိုလည်း တင်ပြလိုပါတယ်”လို့ ပြောပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ PDF နဲ့ ညီနောင်မဟာမိတ်တပ်ရင်းထက်ဝက်လောက်ကို ဝန်ကြီးဌာနက အတည်ပြုပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ PDF နဲ့ ညီနောင်မဟာမိတ်တပ်ရင်း ၂၅၇ ရင်းရှိပြီး ဒီထဲက တပ်ရင်း ၁၀၁ ရင်းကို ဝန်ကြီးဌာနက စိစစ်အတည်ပြုပြီး ကျန်တဲ့တပ်ရင်းတွေကိုလည်း ဆက်လက် စစ်ဆေး အတည်ပြုနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

“တပ်ရင်းမှာပါဝင်တဲ့ ရဲဘော်ကနေစပြီး စိတ်မှူး စုမှူး ခွဲမှူး ရင်းမှူး တာဝန်ယူမယ့်သူတွေကို တရားဝင်ခန့်အပ်တာဝန်ပေးတဲ့ အစီအစဉ်တွေ၊ နောက် PDF ရဲဘော်တဦးချင်းကို ကိုယ်ပိုင်နံပတ် ထုတ်ပေးတဲ့အစီအစဉ်တွေကို တပြိုင်တည်းဆောင်ရွက်တာဖြစ်ပါတယ်လို့ ကျနော့်အနေနဲ့ တင်ပြလိုပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြို့နယ်တွေကို အခြေခံဖွဲ့စည်းတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျဖွဲ့စည်းပြီးဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

မြို့ပြပြောက်ကျား ကျေးလက်ပြောက်ကျား အဖွဲ့ပေါင်း ၄၀၀ ကျော်ကို ဝန်ကြီးဌာနက စာရင်းပြုစုရရှိထားပြီး ဒီထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ကျေးလက်ဒေသတွေပါမက မြို့ပြဒေသတချို့ကိုပါ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လာနိုင်ပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ချိန်က PDF တပ်ရင်း ၆ ခုပဲ စုဖွဲ့လက်နက်တပ်ဆင်နိုင်ခဲ့တာဖြစ်လို့ ရှေ့မှာ တော်လှန်ရေးအရှိန်ကို ပိုပြီး မြှင့်တင်နိုင်မှာ ဖြစ်သလို နယ်မြေတွေစိုးမိုးထိန်းချုပ်နိုင်ရေး ရည်ရွယ်ပြင်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013