DVB Logo
Home
မြန်မာသတင်း
နန်းဖာလုံ အထက (ခွဲ) ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တမူး PDF တိုက်ခိုက်
DVB
·
April 18, 2022
နန်းဖာလုံ အထက (ခွဲ) ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တမူး PDF တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း တမူးမြို့ မြို့မ ၁၂ ရပ်ကွက်ရှိ နန်းဖာလုံ အထက (ခွဲ) ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တမူး PDF တပ်ရင်း ၁ နဲ့ ၂ ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၁၇ ရက် ညအစောပိုင်းမှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်သား ၄ ဦး ကျဆုံးသွားပြီး ပူး‌ပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ထားပါတယ်။

"တမူး PDF တပ်ရင်း-၁ နဲ့ တပ်ရင်း-၂ ပူးပေါင်းတပ်ဖွဲ့က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က တပ်ကြပ်အဆင့် တစ်‌ကောင်ပါပြီး စစ်သား ၄ ကောင်က ကျောင်းရှေ့ လမ်းမပေါ်မှာ အတုံးအရုံးသေဆုံးသွားတယ်” လို့ တမူး PDF တပ်ရင်း ၁ တာဝန်ခံက ဒီဗွီဘီကို ပါတယ်။

တိုက်ပွဲဖြစ်စဉ်အပြီး နာရီဝက်အကြာမှာ တမူးမြို့ဘက်ကနေ လူနာတင်ကားနဲ့ စစ်ကောင်စီကားတွေ ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ကြပြီး သေဆုံးသွားတဲ့ စစ်ကောင်စီအလောင်းတွေကို တင်ဆောင်ကာ ည ၉ နာရီလောက် တမူးမြို့ထဲ ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

နန်းဖာလုံ အထက (ခွဲ) ကျောင်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တမူး-အောင်ဇေယျကားလမ်းပိုင်းကို လွန်ခဲ့တဲ့ရက်ပိုင်းကစလို့  တမူး PDF က ထိန်းချုပ်ထားပြီး ပြည်သူတွေ ခရီးသွားလာရာမှာ ကားအမိုးဖွင့်မောင်းဖို့နဲ့  စစ်ဆေးမေးမြန်းတာတွေကို  လက်ခံလိုက်နာဖို့ မေတ္တာရပ်ခံထားပါတယ်။

ဧပြီ ၁၇ ရက်နေ့ခင်းပိုင်းကလည်း တမူးပြည်သူ့ရဲတပ်ဖွဲ့က တမူးမြို့ နန်းဖာလုံဈေးအတွင်းနဲ့ ကုန်တင်ယာဉ်တွေမှာ စစ်တပ်ပိုင်ထုတ်ကုန်ပစ္စည်းတွေ ဝယ်ယူရောင်းချတာ ရှိမရှိ စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013