DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၁ ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်
DVB
·
April 18, 2022
စစ်ကောင်စီတပ်သား ၁ ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်
Donate to DVB

ချင်းပြည်နယ် ‌ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားတဦးဟာ လက်နက်အပြည့်စုံနဲ့ ပြည်သူ့ဘက်တော်သားအဖြစ် CNO/CNDF ဆီ ပြီးခဲ့တဲ့ရက်ပိုင်းက အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာသူ စစ်ကောင်စီတပ်သားဟာ ခလရ ၂၆၈ တပ်ရင်းက တပ်သား ထက်မြတ်အောင် ကိုယ်ပိုင်အမှတ် တ-၅၇၂၅၅၇  ဖြစ်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

“သူပြောပုံအရ တပ်တွင်း ကြီးနိုင်ငယ်ညှဉ်းဖိနှိပ်မှုတွေနဲ့ လူထုအပေါ် မတရားဖမ်းဆီး သတ်ဖြတ်တာတွေကို အမြဲမြင်တွေ့နေရလို့ မခံချင်တာနဲ့ အခုလို ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက်အလင်းဝင်လာတာလို့ ပြောပါတယ်။ ကျနော်တို့ အစစအရာရာ စောင့်ရှောက်မှု အပြည့်ပေးထားပါတယ်” လို့ CNDF တာဝန်ရှိသူတဦးက ပြောပါတယ်။

အလင်းဝင်လာရာမှာ လက်နက်ပြည့်စုံပါရှိပြီး MA 1 သေနတ် ၁ လက်၊ ကျည်ကတ် ၄ ကတ်၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ကျည် ၈၅ တောင့်ပါဝင်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူ တပ်သားကိုတော့ ဆုကြေးငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပြီး စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းကလည်း စစ်ကောင်စီရဲ့ ခလရ ၂၆၈ မှ တပ်သား ဇင်လင်းအောင်ဆိုသူလည်း လက်နက်အပြည့်စုံနဲ့အတူ CNO/CNDf ဆီ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013