DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဗိုလ်မှူးဟောင်း သေနတ်ဖြင့်ပစ်ခတ်ခံရ
DVB
·
April 18, 2022
တောင်ဒဂုံ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဗိုလ်မှူးဟောင်း သေနတ်ဖြင့်ပစ်ခတ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ  ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဗိုလ်မှူးဟောင်း စောမိုးဝင်းကို ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ လာရောက် ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

၁၉ ရပ်ကွက်အပိုင် မောင်းမကန်လမ်းပေါ်က ကမ္ဘာ့ရတနာဘဏ် မန်နေဂျာဖြစ်သူကို အမည်မသိအဖွဲ့တဖွဲ့က မနက် ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဖြစ်တာက မနက် ၈ ခွဲလောက်က ဖြစ်တာ။ အသံကြားလိုက်ရတယ်။ သေတယ် ရှင်တယ်ဆိုတာတော့ မသိဘူး။ အရေးပေါ်ကားနဲ့ ခေါ်သွားတာတော့ တွေ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေက ကူညီဖို့ရောက်နေချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်လို့ အကုန်လုံး ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးဟောင်း ဘဏ်မန်နေဂျာ စောမိုးဝင်း သေနတ်ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားတွေက တောင်ဒဂုံမြို့နယ် အဝင်အထွက် လမ်းများအားလုံးကို ပိတ်ချလိုက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘဏ်မန်နေဂျာဟာ သေနတ်ဒဏ်ရာတွေ ရရှိတာ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပြီး ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဗိုလ်မှူးဟောင်းကို ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကို သတင်းမထုတ်ပြန်သေးသလို ဖမ်းဆီးခံရတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013