DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းရှိ စစ်ကောင်စီကင်းဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
April 18, 2022
ရန်ကုန်-မန္တလေးအမြန်လမ်းရှိ စစ်ကောင်စီကင်းဂိတ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၅ တဖာလုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို ဧပြီ ၁၇ ရက် ည ၂ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့  ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ 

"ည ၂ နာရီအချိန်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ တိုက်ခိုက်မှုကို ပထမဆုံး လက်နက်ကြီးနဲ့ ပစ်ပြီးမှ  လက်နက်ငယ်နဲ့ ဝိုင်းပစ်တာပါ"လို့ ကျောက်ဆည်နဂါးနီတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်က ၃ မိနစ်လောက်သာ ကြာမြင့်ခဲ့​ပြီး စစ်ကောင်စီဘက်ကထိ ခိုက်ကျဆုံးတာရှိပေမဲ့ ပြောက်ကျားတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့လည်း ပြောပါတယ်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်က အခုချိန်အထိလမ်းတွေ ပိတ်ထားတာကြောင့် သေစာရင်း အတိကျ မသိသေးပေမဲ့ တိုက်ခိုက်ခံရပြီးကတည်းက မနက်အထိ စစ်ကောင်စီတပ်က ပြန်မပစ်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ ကင်းဂိတ်က အနီးအနားကျေးရွာတွေနဲ့ ခရီးသွားပြည်သူတွေဆီကနေ ပိုက်ဆံကောက်ခံတာတွေ အနိုင်ကျင့် စစ်ဆေးတာတွေပြုလုပ်နေတဲ့ ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းစေချင်တယ်ဆိုရင် တော်လှန်ရေး အင်အားစုတွေကို အတက်နိုင်ဆုံး ကူညီထောက်ပံ့ပေးကြဖို့ မကူနိုင်ရင်တောင်ကိုယ်နဲ့ မဆိုင်သလိုနေကြမယ်ဆိုရင်လည်း ဘယ်အရာကိုမှ မကြားသလို မမြင်သလို နေပေးကြဖို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013