DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်မှ ပြန်လွှတ်ပေးသည့် ၁၅၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသားများ မပါဝင်
DVB
·
April 17, 2022
အင်းစိန်ထောင်မှ ပြန်လွှတ်ပေးသည့် ၁၅၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသားများ မပါဝင်
Donate to DVB

ဒီကနေ့ မနက် ၁၁ ခွဲဝန်းကျင်လောက်မှာ အင်းစိန်ထောင်ကနေ အကျဉ်းသား ၁၅၀ ကျော် လွှတ်ပေးခဲ့ပါတယ်။ 

ခါတိုင်းလွှတ်နေကျ ထောင်ရှေ့ပေါက်ကနေ မလွှတ်ဘဲ အနောက်ဘက်ဂိတ်ကနေ YBS ဘတ်စကားတွေနဲ့ လွှတ်ပေးခဲ့တာပါ။ 

ဂိတ်အရှေ့မှာစောင့်နေသူတွေ ထောင်ဝန်ထမ်းတွေက အနောက်ပေါက်ဂိတ်က လွှတ်ပေးမယ် ပြောတာကြောင့် လာစောင့်တဲ့ မိသားစုဝင်တွေ ဝရုန်းသုန်းကားနဲ့ အနောက်ပေါက်ဂိတ်ကို ပြေးလွှားခဲ့ရပါတယ်။ 

လွှတ်ပေးတဲ့အထဲ ၅၀၅ ပုဒ်မတပ်ခံရသူ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့လည်း ထောင်ဝန်ထမ်းတွေနဲ့ လာရောက်စောင်းဆိုင်းတဲ့ မိသားစုဝင်တွေက ပြောပါတယ်။ 

မြန်မာနှစ်ဆန်းတရက်နေ့မှာ တနိုင်ငံလုံး အကျဉ်းထောင်တွေကနေ အကျဉ်းသား ၁၅၀၀ ကျော်လွှတ်ပေးတယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013