DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့က အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံး
DVB
·
April 17, 2022
စစ်တပ်ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့က အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံး
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ရှိ ဒေါမူးကလားကျေးရွာမှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက် ၁၀ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် (ကျား) ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

“အဲ့ဒီကျေးရွာမှာ လူတွေအကုန် ရှောင်သွားကြပြီ၊ သူတို့မိသားစုပဲ ကျန်နေတာ။ မနက် ၆ နာရီလောက်ထဲက စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေလို့ သူတို့မိသားစုလည်း စစ်ဘေးရှောင်ဖို့  ပြင်ဆင်နေချိန် ပစ်ခတ်ခံလိုက်ရတာ။ သေနတ်နဲ့ပစ်ခံရတဲ့ ကလေးကို ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ပေမဲ့ အသက်သေဆုံးသွားတယ်” လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-B12 အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၁၆ ရက်နေ့  မနက် ၆ နာရီအချိန်ကတည်းက စစ်ကောင်စီ အမြောက်တပ်က တိုက်ပွဲမဖြစ်ဘဲ တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါမူကလားကျေးရွာအတွင်း လက်နက်ကြီး ၄ လုံးကျရောက်ခဲ့ပြီး လူနေအိမ် ၁ လုံး ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့အရှေ့ဘက်အခြမ်းမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ကြားနေရပြီး ထိပ်တိုက်ပစ်ခတ်မှုတွေလည်း ရှိသလို စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲမဖြစ်ဘဲ PDF တွေရှိမယ်ထင်တဲ့ နေရာတွေ၊ အရပ်သားပြည်သူတွေ နေထိုင်တဲ့ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013