DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် လောင်းကစားဝိုင်းများ သေနတ်ပစ်ဖောက် သတိပေးခံရ
DVB
·
April 16, 2022
လောင်းလုံးတွင် လောင်းကစားဝိုင်းများ သေနတ်ပစ်ဖောက် သတိပေးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ကဒက်ငယ်ထိန်ကျေးရွာက  လောင်းကစားဝိုင်းတွေ ဧပြီ ၁၅ ရက်၊ နေ့လယ် ၂နာရီလောက်က သေနတ်ပစ်ဖောက် သတိပေးခံခဲ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။ 

DDT တပ်ခွဲ (၃)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး  လောင်းကစားဝိုင်းတွေမပြုလုပ်ကြဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ မလိုက်နာလို့  အခုလို နောက်ဆုံးအကြိမ်သတိပေးရခြင်းဖြစ်တယ်လို့  Dawei Defense Team(DDT)က ထုတ်ပြန်ထားပါတယ်။ 

ကဒက်ငယ်ထိန်ကျေးရွာမှာ အနည်းဆုံး နေရာနှစ်နေရာမှာ လောင်းကစားဝိုင်းပြု​လုပ်နေတာရှိပြီး အခု သေနတ်ပစ်ဖောက် သတိပေးခဲ့တာကတော့ ရွာအပြင်မှာရှိတဲ့ လောင်းကစားဝိုင်းတစ်ခုရဲ့ အနီးမှာဖြစ်တယ်လို့ ရွာခံတွေကပြောပါတယ်။

ရွာခံတစ်ဦးကတော့ "ပစ်သံကတော့ နှစ်ချက်ကြားလိုက်ရတယ်၊ ရွာအပြင်က ဖဲဝိုင်းလုပ်နေတဲ့ နေရာအနီးမှာပဲ ရွာထဲမှာ တခြားဖဲဝိုင်တွေရှိသေးတယ်" လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်းက လောင်းကစားဝိုင်းအများစုဟာ  စစ်တပ်နဲ့၊ နယ်ထိန်းရဲတွေကို ပိုက်ဆံပေး ပြုလုပ်နေကြတာဖြစ်ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Nway Oo Guerrilla Force၊ Dawei Defense Team(DDT)တို့ကတော့ လောင်းကစားဝိုင်းတွေ မလုပ်ကြဖို့ မကြာခဏသတိပေးလေ့ရှိပါတယ်။

ဧပြီ ၁၁ ရက်ကလည်း လောင်းလုံးမြို့နယ်၊ ကြက်ယက်တွင်းကျေးရွာအတွင်း ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းမှာ ပေါက်ကွဲ၊ ပစ်ခတ်မှုတွေဖြစ်ပွားကာ အသက် ၅၀ အရွယ် လောင်းကစားဒိုင် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အဲဒီလုပ်ဆောင်ချက်ဟာ သူတို့ လက်ချက်မဟုတ်ဘူးဆိုပြီး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013