DVB Logo
Home
မြန်မာသတင်း
မုံရွာ အမှတ် ၂ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က RPG ဖြင့် ပစ်ခတ်
DVB
·
April 16, 2022
မုံရွာ အမှတ် ၂ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က RPG ဖြင့် ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ  မုံရွာ အမှတ် ၂ ရဲစခန်းကို ဧပြီ ၁၆ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  RPG လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၂ ရဲစခန်းအနီးဝန်းကျင်နေ ဒေသခံတစ်ဦးက “အသံကအကျယ်ကြီး၊ ပေါက်ကွဲ သံကြားလိုက်ရတာ။ အဲလိုကွဲပြီး လက်နတ်ငယ်အသံတွေ ဆူညံနေတာပဲ။ အဲဒီလို ဆူညံနေတာ နာရီဝက်ကျော်ကျော်လောက်ကြာလိမ့်မယ်ထင်တယ်ဗျ။ အခုမနက်ခင်းအထိ အပြင်မထွက်ရဲ သေးဘူး”လို့  ပြောပါတယ်။

အမှတ် ၂ ရဲစခန်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား  ၁၂ ယောက်လောက် သေဆုံးနိုင်တယ်လို့ PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပေမဲ့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးသူ အရေအတွက်ကိုလည်း အတည်မပြုနိုင်သေး ပါဘူး။ 

မုံရွာမြို့အမှတ် ၂ စခန်းကို မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၂ - ၃ - ၄ ရဲ့ ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း - ၂ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ - Monywa The Boys၊ တပ်ခွဲ (၁) - Monywa Ranger group/Truth Army၊ တပ်ခွဲ (၃) - Northwest Plains Revolutionary Forces-NPRF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013