
ဧရာဝတီတိုင်း၊ မအူပင်မြို့၊ ကမ်းနားလမ်း၊ တိုးရွှေဝါခန်းမရှေ့ရှိ စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်မှာ သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် နေ့လယ် ၃ နာရီ မိနစ် ၄၀ လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့ခံတဦးက "စင်ပေါ်မှာ ဘယ်လူမှမရှိသေးဘူး စစ်သား တယောက်နဲ့ ရဲ နှစ်ယောက်ရှိတယ် အောက်မှာ လာကတဲ့သူတော့ နည်းနည်းရောက်နေပြီ အဲ့အချိန်မှာ မဏ္ဍပ်ထဲက ကွဲသံကြားရတာ အသံ တော်တော်ကျယ်တယ်''လို့ ပြောပါတယ်။
မဏ္ဍပ်နေရာကနေ ပေါက်ကွဲတဲ့အသံကို ၈ လမ်းထိပ်လောက်ကနေ ကြားရတဲ့အထိ အသံကျယ်တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ လာကတဲ့ဒေသခံတချို့ ထွက်ပြေးသွားတာ မြင်ရပေမဲ့ ထိခိုက်မှု ရှိ မရှိကိုတော့ အတည်ကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက အော်ဟစ်ဆဲဆိုကာ လာသမျှယာဥ်တွေကို စစ်ဆေးနေပါတယ်။