DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီနှင့်တိုက်ပွဲ ၃ ရက်အတွင်း KNDF ရဲဘော် ၁၀ ဦးကျဆုံး
DVB
·
April 14, 2022
ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီနှင့်တိုက်ပွဲ ၃ ရက်အတွင်း KNDF ရဲဘော် ၁၀ ဦးကျဆုံး
1 / 2
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲကျေးရွာအနီးမှာ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား ဧပြီ ၁၁ ရက်ကနေ ၁၃ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမေ့ာဆိုမြို့နယ် နောင်ပုလဲကျေးရွာ အနီးတဝိုက်မှာ ဧပြီ ၁၁ ရက် မနက် ၇ နာရီက  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲဘော် ၆ ဦး စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန် ကျဆုံးပြီး အယောက် ၂၀ ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

KNDF ရဲဘော်တဦးက “တနေကုန်နီးပါး တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိပြီ။ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် KNDF ရဲဘော် ၆ ဦး လက်နက်ကြီး ထိမှန် ကျဆုံးသွားပါတယ်။ ရဲဘော်အယောက် ၂၀ လည်း ထိခိုက်ဒဏ်ရာရထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) အဖွဲ့ဝင်တဦး ဖြစ်တဲ့ စိုင်းသက်ပိုင်ဟိန်း(ခ)လင်းပိုင်လည်း ပါရှိပြီး သူ ကျဆုံးမှုက အဖွဲ့အတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်တယ်လို့ KPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့အဖွဲ့ရဲ့ တစိတ်တဒေသမှာ အရေးပါတဲ့ သူတယောက်ပါ။ သူ့ရဲ့ ကျဆုံးသွားခြင်းက အဖွဲ့အတွက် အများကြီး နစ်နာရပါတယ်။ ဆုံးရှုံးမှုကြီးတခုလို့လည်း ပြောလို့ရပါတယ်။ အရမ်းလည်း နှမြောမိပါတယ်။”

ဒီးမော့ဆိုမြို့နယ်မှာ ၃ ရက်တာ တိုက်ပွဲအတွင်း KNDF ရဲဘော် ၁၀ ဦး ကျဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရထားသလို စစ်ကောင်စီဘက်က ၂ ရက်ပေါင်း အယောက် ၅၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် လွိုင်ကော်-တောင်ငူကားလမ်းကတဆင့် နီးစပ်ရာ ယာဒို၊ သောက်ရေခပ်၊ လိပ်သို၊ ထန်းတပင်၊ အင်းကျော်ကျေးရွာတွေမှာ အရပ်သားပြည်သူတွေ ၅၀၀၀ လောက် စစ်ဘေးရှောင်ခိုလှုံနေကြရပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013