DVB Logo
Home
မြန်မာသတင်း
ဖာပွန်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရ
DVB
·
April 14, 2022
ဖာပွန်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မယ်ညုကျေးရွာအုပ်စု၊ ထိုခေးလိုကျေးရွာအတွင်းကို ဧပြီ ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က မထောကျေးရွာအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၈ တပ်နဲ့ နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၁၃ တပ်ရင်း၊ ဗိုလ်ကျော်ဝင်းနဲ့ တပ်ခွဲ ၁ တပ်ခွဲမှူး ဗိုလ်ဘာယိုရဲ့ တပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကို ၈၁ မမနဲ့ တမင်ရည်ရွယ်ပစ်ခတ်ခဲ့တာပါ။

အဆိုပါ ပစ်ခတ်မှုကြောင့် ထိုခေးလိုကျေးရွာ ဒေသခံတွေဖြစ်တဲ့အတွက် နော်မူးကလယ် (အသက် ၁၁ နှစ်) မှာ ညာဘက်ပေါင်၊ နော်ကူးဖော် (အသက် ၁၂ နှစ်) မှာ ညာလက်မောင်း၊ စောကျောဃယ် (အသက် ၃၃ နှစ်) မှာ ညာဘက်ခန္ဓာကိုယ်နဲ့ နော်ပူ (အသက် ၆၁ နှစ်)မှာ  ဘယ်ဘက်လက်မောင်းကို ထိမှန်ခဲ့တဲ့အတွက် ပြင်းထန်ဒဏ်ရာတွေ အသီးသီးရရှိခဲ့တာပါ။

မထောကျေးရွာသားတဦးက “စကခ လက်အောက်ခံတပ်တွေနဲ့ BGF တပ်ဖွဲ့ဝင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ အပစ်ခံရတဲ့ရွာက ကလေး လူကြီး ၄ ယောက် ထိတယ်။ အခြေအနေက စိုးရိမ်ရတယ်။ ဒေသခံတွေ ကြောက်ပြီး တိမ်းရှောင်နေရတယ် ကြားတယ်” လို့ ပြောပါတယ်။

ညနေ  ၃ နာရီလောက်မှာလည်း စစ်ကောင်စီရဲ့ BGF တပ်ဖွဲ့ဝင်တွေက မယ်ညုကျေးရွာအုပ်စု၊ နိုဖောထီးနဲ့ ထိုခေးလိုကျေးရွာအတွင်းကို ၈၁ မမ ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူပိုင် နွား ၁၂ ကောင် သေဆုံးပြီး  ၉ ကောင် ထိမှန်ဒဏ်ရာရရှိခဲ့သလို လူနေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013