DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်
DVB
·
April 13, 2022
ပခုက္ကူတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့မှာ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ PKU N PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပခုက္ကူမြို့ မြို့သစ်လမ်းပိုင်းမှာ ဒီနေ့မနက် ၂ နာရီလောက်က ကင်းပတ်နေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက MA4 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ မိနစ်လောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့သစ် မြို့ရှောင် အာဆီယံလမ်းမှာ ယာယီစခန်းချထားတဲ့ စစ်ကောင်စီ တပ်သားတွေကိုလည်း မနေ့ ဧပြီ ၁၂ ရက် မနက် ၁၁ နာရီလောက်မှာ လက်လုပ်မိုင်းနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ပခုက္ကူမြို့ ဒေသခံတယောက်က "မြို့ရှောင်လမ်းဘက်မှာ မနက်အစောပိုင်းက ပစ်ခတ်သံတွေ ကြားလိုက်ရတယ်ဗျ။ မနက်မိုးလင်းတဲ့ အချိန်မှာတော့ မြို့ရှောင်လမ်း အပါအဝင် လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေပေါင်းပြီး လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ စစ်ဆေးနေတာ တွေ့ရတယ်" လို့ ပြောပါတယ်။

စက်မှုဇုန်လမ်းပိုင်းမှာလည်း မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး သတင်းပေးပို့နေတဲ့ စစ်ကောင်စီသတင်းပေး ဒလန်ရဲ့နေအိမ်ကို လက်လုပ်မိုင်းနဲ့ ပစ်ခတ် သတိပေးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို PKU N PDF၊ Southern YSO PDF နဲ့ King Cobra PDF ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ PKU N PDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013