DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦး သေ
DVB
·
April 13, 2022
ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦး သေ
1 / 2
Donate to DVB

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို PDF- Hpruso၊  KA၊ KNDF B-04 / B-15 တပ်ဖွဲ့တွေနဲ့ အတူ ဧပြီ ၁၂ ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်- ဖရူဆိုက သတင်းထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ်မာခရော်ရှေ့နဲ့ လောကျေခူ‌ကျေးရွာသစ်အကြား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီက ဘက်ဟိုးတင်လာတဲ့ကားအပါအဝင် ကားနှစ်စီး မီးလောင်သွားတဲ့အပြင်  လက်နက်ခဲယမ်းတွေကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း PDF Hpruso ကဆိုပါတယ်။

ပူးပေါင်းမဟာမိတ်အဖွဲ့တွေဘက်‌ကတော့ ရဲဘော်တယောက် ဒဏ်ရာရသွားပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကို အလွန်အကျွံယူပြီး ကြည်းတပ်အင်အားအလုံးအရင်းနဲ့ နှစ်လကျော်ကြာ ထိုးစစ်ဆင်နေပေမဲ့ လက်ရှိအချိန်ထိ အပြည့်အဝ မထိန်းချုပ်နိုင်သေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးပြီး  သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013