DVB Logo
Home
မြန်မာသတင်း
ကလေးမြို့အနီး PDF စခန်းကို စစ်‌ကောင်စီတပ်က သိမ်းပိုက်
DVB
·
April 13, 2022
ကလေးမြို့အနီး PDF စခန်းကို စစ်‌ကောင်စီတပ်က သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးမှာရှိတဲ့  ကလေး PDF တပ်ရင်း ၃ စခန်းကို စစ်ကောင်စီတပ်တွေက ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကလေး PDF တပ်ရင်း ၃ စခန်းဟာ ကလေးမြို့အနီးရှိ ဒေသတခုမှာ အထိုင်ချတဲ့ စခန်းဖြစ်ပြီး ဒလန်သတင်းပေးကြောင့် အသိမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင်တဦးက‌"ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတုန်း ကလေးတက္ကသိုလ်ဘက်ကနေ ရုတ်တရက် ရောက်ချလာပြီး သိမ်းပိုက်ခံလိုက်ရတာ။ တပ်ဖွဲ့ဝင်တွေ ဖမ်းမမိဘူး၊ ပြေးလို့ လွတ်သွားတယ်။ စခန်းကို‌တော့ သိမ်းပိုက်ခံလိုက်ရတယ်။ လက်နက်အ‌တော်များများ ပါသွားတယ်။ စားနပ်ရိက္ခာတွေ အဝတ်အထည်တွေရောပဲ၊ ဘာမှပါမလာဘူး ပြေးခဲ့ရတာ" လို့ ပြောပါတယ်။

လက်ရှိမှာတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံတဲ့နေရာတခုမှာ ရောက်ရှိနေကြပြီး စားနပ်ရိက္ခာတွေ၊ မိုးကာတွေ၊ အဝတ်အထည်တွေနဲ့ လက်နက်ခဲယမ်း အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကလေး PDF တပ်ရင်း ၃ အနေနဲ့ စခန်းသိမ်းပိုက်ခံရပေမဲ့ စစ်အာဏာရှင် ပြုတ်ကျ‌ရေးအတွက် အားမလျော့ကြောင်းနဲ့ အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင် လှူဒါန်းကြဖို့လည်း ကလေး PDF တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီဘက်ကလည်း မ‌နေ့ ဧပြီ ၁၂ ရက်မှာ ကလေး PDF တပ်ရင်း ၃ စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်တွင်းမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေတာကြောင့် ပြည်သူလူထုအနေနဲ့ ကလေး-ဂန့်ဂေါ လမ်းကြောင်းကို အသုံးမပြုကြဖို့လည်း ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013