DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် သင်္ကြန်အကအဖွဲ့ ဗုံးပစ်သတိပေးခံရ
DVB
·
April 13, 2022
မူဆယ်တွင် သင်္ကြန်အကအဖွဲ့ ဗုံးပစ်သတိပေးခံရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်၊ မီးသတ်တပ်ဖွဲ့ရုံးမှာ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အတွက် အကတိုက်နေတဲ့ ယိမ်းအဖွဲ့ကို ဧပြီ ၁၂ ရက် ညက ဗုံးပစ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲကို ပူးပေါင်းပါဝင်တာ မပြုလုပ်ဖို့ အသိပေးတဲ့အနေနဲ့ မူဆယ်ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (People Security And defense Army - Muse) ဆောင်ရွက်တာဖြစ်တယ်လို့  သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုမှာ လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိပါဘူး။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးကျင်းပမယ့် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတွေမှာ ဗုံးခွဲတိုက်ခိုက် သတိပေးတာတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013