DVB Logo
Home
Lead Story
ပခုက္ကူ​မြို့ပေါ် အိမ်ငှားနေသူ ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
April 13, 2022
ပခုက္ကူ​မြို့ပေါ် အိမ်ငှားနေသူ ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှ အမှတ် ၁၁၊ ၁၈ လမ်းမှာရှိတဲ့ နေအိမ်မှာ အိမ်ငှားနေထိုင်နေတဲ့ အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်း လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “အင်အားများဆို ရဲကားနဲ့ ရောက်လာပြီး အရပ်ဝတ်တွေရော အိမ်ကို ဝင်စစ်တာ။ အဲဒီမှာ သူတို့ကို စစ်တာ၊ ဖုန်းတွေ စစ်တာမှာ အရင် နိုင်ငံရေး ဆန္ဒပြမှုတွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းသွားတာ၊ သတင်းပေးရှိတယ်” လို့ ပြောပါတယ်။

ဖမ်း​ဆီးခံလိုက်ရတဲ့သူတွေက မြိုင်မြို့နယ် ဗဟင်းကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေက ကိုဟန်ဖြိုးအောင်၊ ကိုဆန်းအောင်၊ ကိုမျိုးမြင့်ဦး၊ ကိုလှိုင်မိုးဇင်နဲ့ ကိုဝင်းသိန်းတို့ဖြစ်ပြီး ဖုန်းထဲမှာ ဆန္ဒပြပုံတွေ တွေ့တာကလွဲလို့ အခြားပြစ်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်က တင်းကျပ်စစ်ဆေး ဖမ်းဆီးတာတွေ နေ့စဉ်လိုလို ပြုလုပ်နေပြီး ဧပြီ ၁၀ ရက်နေ့ကလည်း ပြည်သူ ၁၀ ဦးလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013