DVB Logo
Home
မြန်မာသတင်း
စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့သည့် ၈၄ နှစ်အရွယ် အဘွားအိုအပါအဝင် ကျဆုံးပြည်သူ ၁,၇၄၅ ဦးရှိလာ
DVB
·
April 13, 2022
စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့သည့် ၈၄ နှစ်အရွယ် အဘွားအိုအပါအဝင် ကျဆုံးပြည်သူ ၁,၇၄၅ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၄၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၂၂၃ ယောက်ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၁၈၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၉၉၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၀၀ ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာတဲအတွင်း အိပ်ပျော်နေတဲ့ အသက် ၈၄ နှစ်အရွယ် အဘွားအို ဒေါ်ခင်သန်းကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါတပ်တွေ ကျေးရွာအတွင်းက ပြန်လည် ထွက်ခွာသွားချိန်မှာလည်း ရွာအဝင်အထွက်လမ်းမှာ မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ကျေး ရွာတွင်း ပြန်လည် ဝင်ရောက်လာတဲ့ ဦးမင်းဦးမှာ မိုင်းနင်းမိကာ နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဧပြီ ၁၀ ရက်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုအောင်ပြည့်စုံဟာ သူငယ်ချင်းဖြစ်သူ မိန်းကလေး၂ ယောက်နဲ့အတူ မကွေးမြို့ကို သွားရောက်လည်ပတ်ချိန် ဆိုင်ကယ်ကို ၃ ယောက်စီးတယ်ဆိုကာ အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ပြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013