DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းညီနောင်အနီး စစ်ကောင်စီကင်းစခန်းကို KNLA သိမ်းပိုက်၊ကော့ကရိတ်တွင် ရဲ ၂ ဦး ပစ်သတ်ခံရ
DVB
·
April 12, 2022
သင်္ဃန်းညီနောင်အနီး စစ်ကောင်စီကင်းစခန်းကို KNLA သိမ်းပိုက်၊ကော့ကရိတ်တွင် ရဲ ၂ ဦး ပစ်သတ်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့အနီး စစ်ကောင်စီတပ် ၃၅၅ စခန်းရဲ့ အရှေ့ထွက်ကင်းစခန်းတခုကို  ဧပြီ ၁၂ ရက် ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက် စီးနင်း သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ၃၅၅ စခန်းကို လုံခြုံရေးယူထားတဲ့ ရှေ့ထွက်ယာယီစခန်းမှာ စစ်ကောင်စီတပ်အင်အား ၂၀ လောက်လုံခြုံရေးယူထားစဉ် KNLA စစ်ကြောင်းမှ ဗိုလ်စောကော်ကေထူး ဦးဆောင်တဲ့ တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်လိုက်တာပါ။

တိုက်ပွဲမှာ လက်နက်ကြီး လက်နက်ကြီးတွေ စတင်ပစ်ခတ်ပြီး မိနစ်ပိုင်းအတွင်း ဝင်ရောက် KNLA က အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ပြီး  စစ်ကောင်စီတပ်ထံက  ၆၀ မမ တလက်၊  ၆၀ မမကျည် (၁၂)လုံး၊ MA1 တလက်နဲ့  MA1 ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၁၀၀ ၊ 9MM တလက်၊ စကားပြောစက်တလုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ 

တိုက်ပွဲမှာ  စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိမရှိ မသိရေသေးပါဘူး။  KNLA စစ်ကြောင်းတပ်ဖွဲ့ကတော့  ထိခိုက်မှုမရှိဘဲ စခန်းကနေ ပြန်ထွက်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၂ ရက် ဒီနေ့မနက် ၁၁ နာရီ မိနစ် ၄၀ လောက်ကလည်း ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ဝါဆိုဦးဘုန်းတော်ကြီးကျောင်းလမ်းထောင့်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ဆိုင်ကယ်နဲ့ သွားရောက် သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ KNLA တာဝန်ရှိသူက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ကေ့ကော်မြို့သစ်မှာလည်း  အခုရက်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့  KNLA ပူးပေါင်းအဖွဲ့တွေအကြား  တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013