DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသားတော်လှန်ရေးရန်ပုံငွေအတွက် တူမီးထီ စတင်ရောင်းချ
DVB
·
April 12, 2022
ချင်းအမျိုးသားတော်လှန်ရေးရန်ပုံငွေအတွက် တူမီးထီ စတင်ရောင်းချ
Donate to DVB

ပြည်ပရောက် ချင်းလူမျိုးတွေပူးပေါင်းပါဝင်တဲ့  Chin Relief Funding Program (CRFP) အဖွဲ့က ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်နိုင်ဖို့ ရန်ပုံငွေအတွက်  တူမီးထီကို ဧပြီ ၁၁ ဒီကနေ့ စတင်ရောင်းချပေးနေပြီလို့ အဆိုပါအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တူမီးထီကို မိတ်ဆက်တဲ့အနေနဲ့ ဧပြီ ၁၁ ရက်မှ ၂၅ ရက်အထိ  promotion ကာလ အဖြစ်သတ်မှတ်ကာ ဒီကာလအတွင်း ဝင်ရောက်ကံစမ်းမယ့်သူတွေ အမေရိကန် ၁ ဒေါ်လာနဲ့  ၂၀ ဆင့် အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။

တူမီးထီအတွက် ထီတစောင်ကို အမေရိကန်ဒေါ်လာ ၁ ဒေါ်လာနှုန်း သတ်မှတ်ထားပြီး ဆုကြေးငွေအနေနဲ့ အမြင့်ဆုံးဆုက  အမေရိကန်ဒေါ်လာ ၇၅၀ သတ်မှတ်ထားကာ  ဆုမဲ အသေးတွေလည်း  ပါရှိမယ်လို့ သိရပါတယ်။

ထီအမျိုးအစားက ဒီဂျစ်တယ်နည်းစနစ်ကို အခြေခံထားတာဖြစ်တဲ့အတွက် နေ့တိုင်း ထိုးလို့ ရပါတယ်။ ထီဖွင့်ရက်ကိုတော့ တလ တကြိမ် သတ်မှတ်ထားပေးမဲ့ အခြေအနေပေါ်မူတည်ပြီး တပတ်တကြိမ်လည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက် promotion ကာလကို စောင့်ကြည့်ရဦးမယ်လို့ (CRFP) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ထီထိုးလိုသူတွေအနေနဲ့ တူမီးထီရဲ့  ဝက်ဆိုက်ဖြစ်တဲ့ https://chin-lottery.com/ သို့ ဦးစွာသွားရောက် ရမှာဖြစ်ပြီး  Login ဝင်ဖို့အတွက် Facebook သို့မဟုတ် Gmail မှတဆင့် ဝင်ရောက်နိုင်ပါတယ်။

Login လုပ်ပြီးတဲ့နောက် Deposit (ငွေထည့်ရန်) ဆိုတဲ့ ခလုတ်လေးကနေ Promotion လက်ဆောင်ကို ရွေးပြီး ငွေထည့်ပါက ၅ မိနစ်အတွင်း အကောင့်ထဲ ငွေဝင်လာမှာ ဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ တူမီးထီကို စတင်ထိုးလို့ ရပါပြီ။ ထီပေါက်ပါက မိမိရဲ့ တူမီးထီ အကောင့်ထဲ တန်းဝင်လာမှာဖြစ်တာကြောင့် ထီတိုက်စရာ မလိုဘူးလို့ ထီထိုးရမယ့် စနစ်ပုံစံအား ရှင်းလင်းထားပါတယ်။

ချင်းရန်ပုံငွေအဖွဲ့ Chin Relief Funding Program (CRFP) က ချင်းအမျိုးသားတော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေ ရှာဖွေတာနဲ့ တော်လှန်ရေးကာလအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဦးတည်ဆောက်ရွက်နိုင်ဖို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် တူမီးထီဟာ တော်လှန်ရေးကာလအတွင်း ရန်ပုံငွေရှာဖွေဖို့အတွက် ယာယီသတ်မှတ်ထားတဲ့ အမည်သာဖြစ်ပြီး နောင်ကာလမှာ ချင်းပြည်အစိုးရ အသစ်ပေါ်ပေါက်လာပါက Federal Lottery အနေနဲ့ ချင်းဖက်ဒရယ် အစိုးရထံ တရားဝင်အပ်နှံသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013