DVB Logo
Home
မြန်မာသတင်း
ပင်လောင်းမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ
DVB
·
April 12, 2022
ပင်လောင်းမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဧပြီ ၅ ရက်မှာ  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိကြောင်း KNDF တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။

အဆိုပါ  တောင်မဲသင်းဂိတ်ဟာ  ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေး ငွေညှစ်တာ၊ ထိုင်ထလုပ်ခိုင်တာနဲ့ CDM တွေကို တွေ့ရှိပါက ကြုံသလို ဖမ်းဆီးနေတဲ့အတွက်  KNDF/B-03 ရဲဘော်တွေက အလစ်ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သာ ၅ ဦး သေဆုံးပြီး သေနတ် ၄ လက်၊ ကျည်ဘောက် ၁၀ ခု၊ ၄၀-မမ တွေ၊ ကျည်ဆန်တချို့နဲ့ စစ်အသုံးအဆောင် တချို့သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အခု ဧပြီလကစပြီး ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သားတွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်တာတွေ၊ တပ်စခန်းတွေကို သွားရောက်ခိုက်တာတွေ လုပ်ဆောင်နေပြီး မနေ့ ဧပြီ ၁၁ ရက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကရင်နီပူးပေါင်းတပ်သား ၆ ဦးကျဆုံးကာ ၁၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများပြား ဒဏ်ရာရရှိတယ်လို့ ကရင်နီပူးပေါင်းတပ်တွေထံက သိရပါတယ်။ ဒီကနေ့မှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013