DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင် ၆ ဦးကျဆုံး
DVB
·
April 11, 2022
ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင် ၆ ဦးကျဆုံး
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ  အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး ကရင်နီ ပူးပေါင်းတပ်ဘက်က  ၆ ဦးကျဆုံး၊  ၁၃ ဦးဒဏ်ရာရတယ်လို့  KNDF တပ်ဖွဲ့ထံက သိရပါတယ်။ 

ဒီးမော့ဆိုမြို့နယ်က အဓိက စစ်ကောင်စီတပ်ရှိတဲ့ နေရာတွေကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာက နှစ်ဘက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ 

လွိုင်ကော်မြို့ကနေ  ဒီးမော့ဆိုဘက်ကို လက်နက်ကြီး ၁၂၀-မမ တွေနဲ့ လှမ်းပြီး ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနေတာလို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။ 

“အဓိကဖြစ်တာကတော့ ဒီးမော့ဆိုမှာပဲ။ ဖရူဆိုမှာလည်း ဖြစ်တယ်။ ဒါပေမဲ့ အဓိက ဒီးမော့ဆိုပေါ့ လေ။ ၆ ယောက် ကျတယ်။ ၁၃ ယောက် ဒဏ်ရာရတယ်။ ဒါက KA နဲ့ KNDF ပဲ။ KA တော့ ကျသွားတဲ့အထဲမှာ မပါဘူး။ ကျနော် သိရသလောက်တော့ ရင်း ၉ ၊ ရင်း ၂ ၊ ရင်း ၁ ကလူတွေ ကျတယ်။ ဒဏ်ရာရတော့ KA တို့ KNDF တို့လည်း ရတာပေါ့။ ”

မတ်လ ၉ ရက်တုန်းကလည်း KNDF တပ်ရင်း ၁၀ က တပ်စုမှူး ရဲဘောသျှားရယ်ဟာ စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး မနေ့ မတ်လ ၁၀ ရက်မှာ ကျဆုံးသွားခဲ့ရကြေင်း တပ်ရင်း ၁၀ က သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်မှ  အခု ၂၀၂၀ မတ်လ ၃၁ ရက်အထိ ကရင်နီပြည်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကျဆုံးသွားရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးမှာ အာဇာနည်ရဲဘော် ၁၀၁ ဦး ရှိတယ်လို့  တိုးတက်သော ကရင်နီ ပြည်သူအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013