DVB Logo
Home
မြန်မာသတင်း
NUG ဝန်ကြီးများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲ ဝါရှင်တန်တွင် ကျင်းပ၊ မီဒီယာအဖွဲ့သစ် ဖွဲ့စည်းမည်
DVB
·
April 11, 2022
NUG ဝန်ကြီးများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲ ဝါရှင်တန်တွင် ကျင်းပ၊ မီဒီယာအဖွဲ့သစ် ဖွဲ့စည်းမည်
1 / 5
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေနဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၉ ရက်က အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီရှိ  Margaret Senior Center မှာ ပထမဆုံးအကြိမ်  ကျင်းပပါတယ်။

ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီး ဦးဘိုလှတင့်နဲ့ အမေရိကန်ရောက် မြန်မာပြည်သား တိုင်းရင်းသားပေါင်းစုံ အယောက် ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်စွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာသိအောင် ဆောင်ရွက်နေမှုတွေကို  ရှင်းလင်းတင်ပြပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ အစီအစဉ်တွေကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာ ဆက်သွယ်ရေးဌာနရဲ့ အခန်းကဏ္ဍကိုလည်း ဝန်ကြီး ဦးထင်လင်းအောင်က အသေးစိတ်ရှင်းလင်းတင်ပြပြီး Public Outreachကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ Media Team အသစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။

NUG ရဲ့ မီဒီယာအဖွဲ့သစ်မှာ ဘယ်သူတွေပါမယ် ၊ ဘယ်တော့စဖွဲ့စည်းမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးပါဘူး။

နိုင်ငံတကာအစိုးရတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ အတွေ့အကြုံတွေ၊ နိုင်ငံတကာဆက်ဆံရေးမှာ NUG အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက  ရှင်းလင်းတင်ပြခဲ့ပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ ခေါင်းဆောင်တွေကို သံတမန်နည်းအရ ဖိအားပေးရေး၊ ငွေကြေးစီးဆင်းမှုတွေကို ပိတ်ပင်ရေးနဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ကြိုးပမ်းလုပ်ဆောင်နေကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီး ဦးဘိုလှတင့်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ASEAN ရဲ့ လက်တွဲလုပ်ဆောင်ချက်တွေ၊ ASEAN ရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် ကျိုးပျက်သွားပုံကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

NUG ရဲ့ နိုင်ငံခြားခရီးစဥ် ရည်ရွက်ချက်ဖြစ်တဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို နိုင်ငံတကာသိစေဖို့၊ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့  အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့အစိုးရအဖြစ် နိုင်ငံတကာမှ အသိအမှတ်ပြုဆက်ဆံဖို့၊ လူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာ အကူအညီရရှိဖို့ စတဲ့ အချက်လက်တွေကို သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဒီနောက် တက်ရောက်လာတဲ့ ပြည်သူတွေရဲ့ မေးမြန်းချက်တွေကိုလည်း NUG ဝန်ကြီးတွေက ပြန်လည်ဖြေကြားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013