DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာတွင် သင်္ကြန် ညဈေးတန်းဖွင့်
DVB
·
April 11, 2022
သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာတွင် သင်္ကြန် ညဈေးတန်းဖွင့်
1 / 2
Donate to DVB

ပြည်သူတွေရဲ့ သပိတ်မှောက်ခံထားရတဲ့ ရန်ကုန်မြို့ရှိ  မြန်မာပလာဇာမှာ သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက်  ညဈေးတန်းဖွင့်ထားပါတယ်။

အဲဒီညဈေးတန်းကို မြန်မာပလာဇာအပြင်ဘက် ရေပန်းဧရိယာအနားမှာ ဧပြီ ၁ ရက်မှ ၁၇ ရက်ထိ နေ့စဉ် ညနေ ၄ နာရီခွဲမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်တယ်လို့  မြန်မာပလာဇာက  ကြေညာထားပါတယ်။

ဆန္ဒပြတဲ့လူငယ်တွေကို ပလာဇာလုံခြုံရေးက အကြမ်းဖက်ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့    မြန်မာပလာဇာကို  ပြည်သူအများစုက မသွားဘဲ သပိတ်မှောက်ထားတာ  ၄ လကျော် ရှိနေပြီဖြစ်ပါတယ်။

အများပြည်သူ ရုံးပိတ်ရက်တွေမှာတော့  မြန်မာပလာဇာကို ပြန်လည်သွားရောက်နေတဲ့သူ အနည်းငယ် ရှိလာတာကတွေ့ရပါတယ်။

မြန်မာပလာဇာဟာ သပိတ်မှောက်ခံရတဲ့နေ့တွေကစပြီးတော့ ပရိုမိုးရှင်းအမျိုးမျိုး၊ ပျော်ပွဲရွှင်ပွဲ အမျိုးမျိုးတွေနဲ့ ဈေးဝယ်သူတွေ ပြန်လည်စည်ကားအောင် ဆွဲဆောင်နေရပြီးတော့ ယခုအခါမှာ လည်း သင်္ကြန်ကို အကြောင်းပြုပြီး ညဈေးတန်းကို ဖွင့်လှစ်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013