
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ ဧပြီ ၁၀ ရက် ဒီမနက်အစောပိုင်း ၃ နာရီလောက်က စစ်ကောင်စီတပ်ကင်းလှည့်လာစဉ် KNLA ပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး မွန်းတည့် ၁၂ နာရီ ဝန်းကျင်အထိ စစ်ကောင်စီတပ်ဘက်က ၂၀ ထက်မနည်း ထိခိုက်သေဆုံးပြီး တိုက်ပွဲ ဖြစ်ပွားနေဆဲ အခြေအနေအရ အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကော်ဘရာ စစ်ကြောင်းဘက်က တော်လှန်ရေး စစ်သည် ၂ ဦး ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ လေတပ်မှ MiG -29 တိုက်လေယာဉ် ၂ စီးနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာကို အကြိမ်ကြိမ် ဝဲပျံပစ်ခတ်ကာ ဗုံးကြဲ တိုက်ခိုက်တယ်လို့လည်း ဆိုပါတယ်။