DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့တွင် စစ်ကောင်စီက ဂိတ်အသစ်ဖွင့်ပြီး ဆက်ကြေးပုံစံ ငွေတောင်းခံ
DVB
·
April 10, 2022
မအူပင်မြို့တွင် စစ်ကောင်စီက ဂိတ်အသစ်ဖွင့်ပြီး ဆက်ကြေးပုံစံ ငွေတောင်းခံ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဂိတ်အသစ်ဖွင့်လှစ်ကာ ကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးတောင်းသလို ငွေတောင်းခံနေတယ်လို့ သိရပါတယ်။ 

မအူပင်မြို့က ကြိုဆိုပါ၏ ဆိုင်းဘုတ်အနားမှာ ဧပြီလဆန်းပိုင်းက စတင်ကာ စစ်ကောင်စီတပ်သားတွေ ရဲတွေနဲ့ သတင်းပေးတွေပေါင်းပြီး စစ်ဆေးရေးဂိတ်အသစ်ဖွင့်ကာ လာသမျှ ကားနဲ့ဆိုင်ကယ်ကို ငွေတောင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“မိုးမလင်းခင်ထဲကရောက်နေပြီ၊ တွေ့သမျှ ကား၊ ဆိုင်ကယ် အကုန်တောင်းတာ။ စစ်ဆေးစရာရှိတယ်ဆိုပြီး ရပ်ခိုင်းတယ်၊ ပြီးရင်တောင်းတော့တာပဲ။ အဲ့နားမှာ မူးပြီး မှောက်တဲ့သူက မှောက်၊ တောင်းတဲ့သူက တောင်း အဲ့လိုဖြစ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

မအူပင်မြို့အဝင်မှာလည်း စစ်ဆေးရေးဂိတ်ရှိတဲ့အပြင် ဂိတ်အသစ်ထပ်ဖွင့်တာကြောင့် မလိုအပ်ဘဲ လမ်းကြေး ပုံစံ ၂ ဆပေးနေရသလို စစ်ကောင်စီတပ်သားတွေက ပိုက်ဆံတောင်းပြီး အနားက ဘီယာဆိုင်မှာ ဘီယာ ဝယ်သောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဂိတ်အသစ်ဖွင့်ကာ ပိုက်ဆံတောင်းတဲ့နေရာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ သေနတ်လွယ်ထားတဲ့အပြင် သတင်းပေးသူတွေကိုပါ သေနတ်ထုတ်ပေးထားပြီး တောင်းခိုင်းနေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013