DVB Logo
Home
မြန်မာသတင်း
ထီးလင်းဈေးဆိုင်များ၌ သင်္ကြန်အတွက် စစ်ကောင်စီရဲတပ်ဖွဲ့က အလှူငွေ ဖိအားပေးကောက်ခံနေ
DVB
·
April 10, 2022
ထီးလင်းဈေးဆိုင်များ၌ သင်္ကြန်အတွက် စစ်ကောင်စီရဲတပ်ဖွဲ့က အလှူငွေ ဖိအားပေးကောက်ခံနေ
Donate to DVB

မကွေးတိုင်း ထီးလင်းမြို့ပေါ်မှာ‌ ဧပြီ ၉ ရက်‌နေ့စတင်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရှိဈေးဆိုင်ခန်းတွေမှာ သင်္ကြန်ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေတွေ ဖိအားပေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျမတို့ ဈေးဆိုင်ခန်းတွေဆီ သူတို့က သင်္ကြန်ပွဲဖြစ်မြောက်ရေးအတွက်ဆိုပြီး ရဲ‌တွေကသေနတ်တွေနဲ့ အလှူငွေလာခံတယ်၊ ကျမတို့လည်း ကြောက်တော့ထည့်ရတယ်။ ကုန်ဈေးနှုန်းတွေကတက်ပြီး ဈေးအရောင်းပါးတာကြေေင့် ငွေကြေးက သိပ်အဆင်မပြေပေမဲ့ ထည့်ရတယ်” လို့ ဈေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

ထီးလင်းမြို့ပေါ်က မိဘပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်းတွေကို လေးစားတဲ့အနေနဲ့၊ စစ်ကောင်စီရဲ့ လူမဆန်စွာရက်စက်ယုတ်မာနေတဲ့ မြန်မာနိုင်ငံတဝန်း ပြည်သူလူထုကို စာနာထောက်ထားမှု ပြသတဲ့အနေနဲ့၊ စစ်တပ်ရဲ့ မတရားဖိနှိပ်မှုအောက်မှ လွတ်မြောက်ဖို့ အသက်ပေးတော်လှန်နေကြတဲ့ ပြည်သူ့တော်လှန်ရေးတပ်သားတွေနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ စစ်ကောင်စီရဲ့ အပျော်သင်္ကြန်မဏ္ဍပ်တွေကို သွားရောက်မလည်ပတ်ကြဖို့ကို YDF ထီးလင်းက မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီရဲ့လက်အောက်ခံရုံးတွေ၊ ဌာနတွေနဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရှိရာ အနီးပတ်ဝန်းကျင်မှာ အချိန်မရွေးနေရာမရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် အနီးအနား မနေကြဖို့၊ သတိပေးချက်အားလိုက်နာမှုမရှိဘဲ တစုံတရာ ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားပါက YDF ထီးလင်းအနေနဲ့ တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ဘူးလို့ သတိပေးစာထုတ်ထားပါတယ်။

လတ်တလောမှာ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ YDF တပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ ထီးလင်း-ဂန့်ဂေါလမ်းကိုအသုံးမပြုကြဖို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013