DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်းများကို KNU က ၁၁ ကြိမ် ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦးသေ
DVB
·
April 10, 2022
စစ်ကောင်စီတပ်စခန်းများကို KNU က ၁၁ ကြိမ် ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦးသေ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းနယ်မြေမှာ စစ်ကောင်စီရဲ့  တပ်စခန်း ၁၀  ခုကို KNLA တပ်ဖွဲ့ဝင်တွေက ၁၁ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ ဧပြီ ၉ ရက်မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ဖာပွန်အခြေစိုက် ခမရ ၄၃၄၊ စစ်ဆေးရေးဂိတ်ကို ၁ ကြိမ်နဲ့ လယ်မူပလောဒေသ(လွယ်မူပလော)၊ ထူးထာစခန်းကို ၂ ကြိမ် စုစုပေါင်း ၃ ကြိမ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲ၊ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိမှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အလားတူ ဧပြီ ၈ ရက် မနက်ပိုင်းကစတင်ပြီး ကူဒေးဒေသ(နားထီးနို)၊ စောမူပလောဒေသ(လောဖလပ်မယ်)၊ စီဒေးဒေသ(ပွယ်လော်ဆက်)၊ စောမူပလောဒေသ( နိုးခို)၊ ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်စခန်း၊ လယ်ကလေးကုန်း၊ ကူဒေးဒေသ(ထီးပွယ်ခို)နဲ့ ယူဂေါ်လိုဒဲဒေသ(ဒူးထောကျိုး) ၁ ကြိမ်စီ၊ စုစုပေါင်း ၈ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဉီးသေဆုံးပြီး ဒဏ်ရာရရှိမှုကို မသိရသေးပါဘူး။

ဧပြီ ၈ ရက် ည ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေ လက်နက်ခဲယမ်းနဲ့  စားနပ်ရိက္ခာတွေ သယ်ဆောင်အသုံးပြုနေတဲ့ ဖာပွန်မြို့၊ မယ်တရိုးတံတားကို KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါ။

KNU ထိန်းချုပ်နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတွေအတွက် လက်နက်ခဲယမ်းနဲ့ စားရိက္ခာတွေ ဖြည့်တင်းပို့ဆောင်ဖို့ စစ်ကောင်စီက ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNU၊ တပ်မဟာ ၅ လက်အောက်ခံ၊ KNLA- တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားရာမှာ ယခင်လတွေထက် ပိုမိုဖြစ်ပွားလာတယ်လို့ KNU တာဝန်ရှိသူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013