DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ်ထပ်ချ
DVB
·
April 8, 2022
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ်ထပ်ချ
Donate to DVB

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အဂတိလိုက်စားမှုအပါအဝင် တခြားစွဲချက်တွေနဲ့စွပ်စွဲပြီး ဧပြီ ၈ ရက် ဒီကနေ့ မကွေးထောင်အထူးတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်လို့  မကွေးမြို့နယ်တရားရုံးကနေ သိရပါတယ်။ 

အဂတိအမှုတမှုကို ထောင်ဒဏ် ၃ နှစ်စီ ၆ မှုအတွက်ထောင်ဒဏ်  ၁၈ နှစ်၊ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ရွေးကောက်ပွဲကော်မရှင်က စွဲတဲ့ ၁၇၁(စ) အမှုအတွက် ထောင်ဒဏ် ၁ နှစ်  စုစုပေါင်း  ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တာလို့ တရားရုံးဝန်ထမ်းက ပြောပါတယ်။ 

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ  ရာဇသတ်ကြီး ပုဒ်မ  ၅၀၅(က) နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်မှာ   ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီးဖြစ်လို့  ဒီကနေ့ စီရင်ချက်ထပ်ချတဲ့  ထောင်ဒဏ် ၂၁ နှစ်နဲ့ ပေါင်းရင်  ကျခံရမယ့်ထောင်ဒဏ် ၂၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။

ဒေါက်တာအောင်မိုးညိုကို  ဖေဖော်ဝါရီ ၁ ရက်  စစ်တပ်အာဏာစသိမ်းတဲ့နေ့ကတည်းက စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး  နေအိမ်အကျယ်ချုပ်ကနေ  မကွေးအကျဉ်းထောင်မှာ ပြောင်းရွှေ့ အကျဉ်းချထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ တရားမဝင် အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို  အဂတိလိုက်စားမှုအပါအဝင် တဖက်သတ်စွပ်စွဲချက်အမျိုးမျိုးနဲ့ အမှုဖွင့် ထောင်ချနေပေမဲ့ အဂတိလိုက်စားထားတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကတော့ ခုချိန်အထိ တခုမှ ပြနိုင်ခြင်းမရှိသေးပါဘူး။

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာလည်း တန်ဖိုးကြီး ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှု ဘာမှမရှိတဲ့ အန်အယ်လ်ဒီ ဝန်ကြီးတွေထဲက တဦးဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013